NLD ကလူတွေ စကားအပြောအဆိုနှင့် ပတ်သက်လာရင် တော်တော်လေးကို အဆင့်အတန်းနိမ့်တာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစပေါ့။ ကိုနီ၊ ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဝင်းထိန်၊ မင်းသူ၊ ထင်လင်းဦး။...စသည်ဖြင့်။
ဒီအထဲမှာ ကိုနီက ဘာသာခြားမို့ ထားတော့။ ဝင်းထိန်လည်း ခြံစောင့်ခွေးသာသာအဆင့်ရှိတဲ့ကောင်မို့ ထားတော့။ မင်းသူဆိုတာလည်း ရပ်ကွက်ထဲက သူခိုးဂျပိုးအဆင့်ရှိတဲ့သူမို့ ထားတော့။ ကျန်သူတွေက စကားကို စည်းလွတ်ဝါးလွတ်ပြောတာတွေက မထင်ရက်စရာတွေ။
ဒီလိုလူတွေကမှ စကားကို စည်းကမ်း၊ ဘောင်အတွင်းဝင်အောင်၊ နားခံသာ အမှန်ရောက်အောင် မပြောနိုင် ဘူး၊ အလွဲနှင့် အကျိုးမဲ့စကားတွေ ထွက်တယ်ဆိုတော့ ပါတီအောက်ခြေလူတွေ (rank and file) ကလေ ကချေစကားတွေပြောပြီး အောက်တန်းစားစရိုက်တွေ ရှိနေတာ ဆန်းတော့လည်း မဆန်းဘူး။ ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်မှာပဲ။
အခုနောက်ပိုင်းဆိုရင် NLD လူငယ်တစ်ချို့ သံဃာတွေကိုတောင် ကွယ်ရာမှာ ဆဲရေးနေကြတာတွေရှိ တယ်။ သူတို့ထဲက တစ်ယောက်နှစ်ယောက်ကို ဒီလိုတွေ မပြောကောင်းဘူး၊ မပြောရဘူးဆိုတာ ဘာသာရေးရှုထောင့်အရ ကျွန်တော်တားဖူးတယ်။ သံဃာမည်နေသေးသ၍ -- မကြည်ညို၍ရတယ် -- မစော်ကားသင့်ကြောင်း၊ ငရဲကြီးတဲ့အကြောင်းသာဓက တွေ ပြောပြဖူးတယ်။ ဒါပေမယ့် လက်မခံကြဘူး။ "အခု ကျွန်တော် ငရဲကျသလား... စစ်ခွေးဘုန်းကြီးကို ဆဲရင် ငရဲမကျဘူး" စသည် ပြန်ပြောကြတယ်။ မြင်မိနေတာတစ်ခုက NLD ဆိုသူများသည် တစ်ဖြည်းဖြည်းနဲ့ အစွန်းရောက်တွေ ဖြစ်မှန်းမသိ ဖြစ်လာ တယ်။
သူတို့အနေနှင့် အမှန်တရားသည် ငါသာဖြစ်တည်၊ ငါ့ပါတီသာဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ် တယ်လို့ မြင်လာတဲ့အချိန်မှာ ကိုယ်နှင့် သဘောထားမတူသူ၊ NLD ကို ဆန့်ကျင်သူ၊ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဆဲရေးဖို့ရာ၊ စော်ကားဖို့ရာ ဝန်မလေးဘူး ဖြစ်လာတယ်။
မီးလောင်ရာလေပင့်ဆိုသလို ဖြစ်ရတဲ့အချက်က ဒီလိုပြောတာ၊ ဆိုတာ၊ ဆဲရေးတာသည် လစ်ဘရယ် ဖြစ်တယ်၊ သူတို့သည်လည်း လစ်ဘရယ်သမားများ ဖြစ်တယ်လို့ သူတို့ကိုယ်ကို စွဲထင်လာကြတဲ့ အဖြစ်ပဲ။
ကျွန်တော်သိမိသလောက်က NLD မှာ ဝါဒရေးရာနှင့် ပတ်သက်လို့ လက်ဝဲ၊ လက်ယာ၊ ဗဟို နားလည်သူ သိပ်မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နားမလည်ဘူး။ နားမလည်တာတွေက ပြဿနာ မရှိပါဘူး။ နားလည်ယောင်ဆောင်တာကမှ ပြဿနာ။ အခု NLD ရဲ့ သွားနေတဲ့လမ်းကြောင်းက ကွန်မြူနစ် တော်တော်ဆန်လာတယ်။ ကွန်မြူနစ်ဆန်ဆန် သွားနေတာကို လစ်ဘရယ်လို့ ကိုယ့်ကိုယ့်ကို စွဲမှတ်ယူ နေကြတာက ခက်တာ။ မရှိတာထက်၊ မသိတာခက် လို့ ပြောရမယ် ထင်တယ်။
နောက်ဆုံးလွဲနေတဲ့အချက်က NLD က သံဃာကို အမျိုးသားရေးအမြင်ကင်းပြီး NLD ရဲ့ လက်ကိုင်တုတ် တစ်ခုပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် NLD ကိုယ်တိုင် သံဃာတွန်းတင်မှုကြောင့် နိုင်ငံရေးစင်မြင့်ပေါ်ရောက် ခဲ့ရတာကို မေ့လို့မရဘူး။ NLD က ပါတီမှာ မူဆလင်များလာတာ၊ မူဆလင်တွေ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်လာတာကို အကြောင်းပြုပြီး သံဃာကို ဆန့်ကျင်သော မူဝါဒ ရှိလာတယ်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မျိုးစောင့်ဥပဒေကို ဆန့်ကျင်ပြီး သံဃာကို ဘာသာရေးအစွန်းရောက်လို့ သတ်မှတ်လာတယ်။
အစွန်းရောက်ဆိုတာ ကြည့်ရှုသူဘက်ကလိုက်ပြီး အမျိုးမျိုး သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဘုန်းကြီးဆိုတိုင်း တရားကျင့်ကြံမနေပဲ နိုင်ငံရေးစကားပြောရင်၊ ဘာသာခြားကို ဆန့်ကျင်ရင် အစွန်းရောက် လို့ NLD တွေ သတ်မှတ်ပုံကတော့ မမှန်ကန်ဘူး။ သံဃာဖြစ်ပြီး နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲတာက မမှန်ကန်ဘူး။ သံဃာဆိုတာက နိုင်ငံရေးစကား ပြောပြော မပြောပြော ဘယ်တော့မှ အစိုးရအဖွဲ့မှာ ပါခွင့်မရှိတဲ့အတွက် နိုင်ငံရေးလုပ်တယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာသာခြားဆန့်ကျင် တယ်ဆိုတာကလည်း ဟိန္ဒူ၊ ခရစ်ယာန်နှင့် ပြဿနာဖြစ်တယ် မရှိဘူး။ ဗုဒ္ဓဘာသာကို ထိပါးတဲ့ အစ္စလာမ် ကို ကာကွယ်တဲ့သဘောပဲရှိတယ်။
တကယ်တော့ ကိုယ်လိုချင်တာမရအတွက်နဲ့၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံမလိုက်နာတဲ့အတွက်နဲ့၊ ကိုယ်နှင့် ကိစ္စရပ်တစ်ခုတစ်လေအမြင်မတူတာအတွက်နဲ့ ဘာသာရေးကိုတောင် စော်ကားရဲတာကမှ အစွန်းရောက်
မဟုတ်လား? "ဘုရားကို မကိုးကွယ်နဲ့၊ သံဃာဆိုတာ ဆံပင်မပါတာကလွဲရင် လူသာမာန်ပဲ"လို့ အမြင်ရှိတဲ့သူတွေကမှ အစွန်းရောက်တွေ မဟုတ်လား? "မြတ်စွာဘုရားဆိုတာလည်း လူသာမာန်ပဲ"လို့ မြင်တဲ့သူတွေကမှ အစွန်းရောက်တွေ မဟုတ်လား?
ပြောချင်တာကတော့ NLD မှာ rank and file တွေ အစွန်းရောက်နေတာ၊ သံဃာကို စော်ကားနေတာတွေ ကြာပြီ။ အခုဆို ထိပ်ပိုင်းခေါင်းဆောင်တွေလည်းပါလာပြီ။ လစ်ဘရယ်လို့ ကြေငြာပြီး ကွန်မြူနစ်ဆန်ဆန် တွေ ဖြစ်နေတယ်။ ဒီလို အတွေးအခေါ်တွေက ဘယ်လိုပင် သူတို့ဘက်က အမြင်၊ အကြောင်းပြချက်ရှိရှိ ဗုဒ္ဓဘာသာနိုင်ငံနှင့် ဗုဒ္ဓဘာသာ လူဦးရေအများဆုံး မြန်မာနိုင်ငံအတွက်ကတော့ NLD ဆိုတာ မိစ္ဆာဒိဌိပဲ။ ဒီလို ပါတီနှင့် ဒီလိုလူတွေ အာဏာရလာလျှင်တော့ သာသနာကွယ်မယ့်အကြောင်း ရှိတယ်။
ကျွန်တော်က NLD ကို လူအားဖြင့် မထောက်ခံပေမယ့် မူအားဖြင့် လက်ခံခဲ့တဲ့သူ။ ခုဆိုရင်တော့ လူတွေကိုတော့ လုံးဝ စိတ်ပျက်သွားသလို မူကိုလည်း လက်မခံတော့ဘူး။ ၂၀၁၅ မှာ ဒီပုံအတိုင်း ဆိုရင်တော့ NLD ကို လုံးဝ မဲထည့်လို့မဖြစ်တော့ဘူး။
မျိုးမင်းသန့်
No comments:
Post a Comment