Friday, June 12, 2015

မြန်မာယူ-၂၃ အသင်း ဗိုလ်လုပွဲတက်မယ်လို့ ယုံကြည်တဲ့ ကျော်ကျော်ဗို

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ ဘောလုံးအသင်းမှာ ဗိုလ်လုပွဲတက်မည်ဟု ယုံကြည်ထားပြီး ဗိုလ်လုပွဲ သွားရောက်ကြည့်ရှု ရန် လေယာဉ်လက်မှတ် ကြိုတင် မှာယူထားကြောင်း သရုပ် ဆောင်ကျော်ကျော်ဗိုက ပြောသည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအဖြစ် မြန်မာယူ-၂၃ အသင်းနှင့် ဗီယက်နမ်အသင်းပွဲကို သွားရောက်အားပေး ရန် စဉ်းစားထားခဲ့သော်လည်း လက်မှတ်အဆင်မပြေသော ကြောင့် ဗိုလ်လုပွဲအတွက် လက်မှတ်ကြိုဝယ်ထားမည်ဟု ၎င်းက ပြောသည်။

‘‘ဆီမီးဖိုင်နယ်ပွဲအတွက်ကတော့ လက်မှတ်မရတော့ဘူး။ အဲဒါကြောင့် ဗိုလ်လုပွဲအတွက် လက်မှတ်ရောင်း တာနဲ့ စင်ကာပူက သူငယ်ချင်းတွေကို အကူအညီတောင်းပြီး လက်မှတ်ကြိုဝယ်ထားမယ်’’ဟု ကျော်ကျော်ဗိုက ပြောသည်။

မြန်မာအသင်း၏ ပွဲစဉ်တိုင်းကို အားပေးဖြစ်ပြီး အကြိုဗိုလ်လုပွဲတွင်တွေ့မည့် ဗီယက်နမ်အသင်းကိုလည်း အထင်သေး၍မရ ကြောင်း ကျော်ကျော်ဗိုက သုံးသပ်ပြောကြားသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲ၏ ဘောလုံးအားကစားအကြိုဗိုလ် လုပွဲအဖြစ် မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ဇွန်လ ၁၃ ရက် နေ့လယ် ၁ နာရီခွဲ၌ စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစား ကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ