ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၉ ရက်တွင် ကျရောက်သောမွေးနေ့မှ လာမည့် ၄၅ ရက်တွင်း ကျန်းမာရေး ဆိုးရွားစွာထိခိုက်နိုင်သောအခြေအနေ ရှိသောကြောင့် ဂရုပြုသင့်ကြောင်း နက္ခတ်ဗေဒဆိုင်ရာ နိုင်ငံရေး သုတေသီ ဘဲလားလေဘာတီက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေသည် မွေးနေ့ နောက်ပိုင်း ကျန်းမာရေးကျဆင်းလာနိုင်သည့် အပြင် ကျွှမ်းကျင်ဆရာဝန်ကြီးများပါ ရောဂါရှာမတွေ့သည့် အဆင့်အထိ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်၍ စနေဂြိုလ်သည် သူမ၏ ၁၂ တန့်သို့ ရောက်ရှိနေသည့်အတွက် ကျန်းမာရေးအခြေအနေအားဖြင့် ဆိုးရွားနိုင်ကြောင်း ဇွန် ၁၉ ရက် မွေးနေ့မှ သြဂုတ်လအထိ တစ်ကြိမ် ၊ ရွေးကောက်ပွဲကာလဖြစ်သည့် နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ကြိမ်၊ ဒေါသဖြစ်စရာများ၊ စိတ်တိုစရာများ ဖြစ်ပေါ်လာနိုင်ပြီး ၄င်းစိတ်ဖြင့် ကျန်းမာရေးပါထိခိုက် သွားမည်ဟု ဟောကိန်းထုတ်ခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မွေးနေ့ကနေ ၂၀၁၅ ကုန်တဲ့အထိ ကျန်းမာရေးအရ အထူးသတိထားသင့် တယ်။ ရောဂါဖြစ်ပြီဆိုရင်လည်း ကျွှမ်းကျင်ဆရာဝန်တွေ၊ ပါရဂူတွေတောင် ရောဂါရှာမတွေ့ဘဲ အနာ တစ်ခြား ဆေးတစ်ခြားတွေ ဖြစ်တဲ့အထိ ကျန်းမာရေးထိခိုက်နိုင်တယ်။ အသက်အန္တရာယ် ပိုင်းတော့ စိုးရိမ် စရာမရှိဘူး။ ဒါကြောင့် သူ့အနေနဲ့ အလုပ်တွေကို လျော့လုပ်သင့်သလို စိတ်ရောကိုယ်ပါ နားနားနေနေနဲ့ လုပ်စေချင်တယ်" ဟု ဘဲလားလေဘာတီက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ်ကုန်ပြီး လာမည့် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ တွင်လည်း ကျန်းမာရေး အခြေအနေအားဖြင့် အညံ့ပိုင်းထဲ၌ ရောက်ရှိနေသေးကြောင်း ၄င်းက ဆက်လက်ပြောသည်။
Oppositeye myanmar
No comments:
Post a Comment