ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ရွှေလီစစ်ဆင်ရေး(၂) စီမံချက်အား ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၅ ရက်က နယ်မြေခံတပ်၊ မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံနှင့် လောက်ကိုင်ခရိုင်
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာနေ လီချောင်လင် ၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ လောက်ကျန်း၊ လီချုံခိုင်း နှင့် ကျန်းလောက်လင် တို့ (၄) ဦးအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၁၅၀ ပြား၊ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးပြား ၂၅,၀၀၀ ပြား၊ အက်ဖီဒရင်း ၂ ကီလို၊ ဘိန်းညိုမှုန့် သုည ဒသမ ၃ ကီလို၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် အရောင်တင်ဆေးမှုန့် သုည ဒသမ ၅ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၀၀၉ ကီလို နှင့် M-22 ကျည် ၁၅၀ တောင့်တို့ကို သိမ်းဆည်းရမိပြီး မူးယစ်တပ်ဖွဲ့စု(၂၁) ကွမ်းလုံသို့ လွှဲပြောင်းပေးအပ်သဖြင့် လီချောင်လင် (၃၆)နှစ်၊ လောက်ကျန်း (၂၅)နှစ်၊ လီချုံခိုင်း (၂၅)နှစ်နှင့် ကျန်းလောက်လင်(၄၃) နှစ်တို့ (၄) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။

Opposite Eyes
No comments:
Post a Comment