' NCA ကို နိုင်ငံတကာအသိ၊ ကမ္ဘာအသိ ကြီးကြီးကျယ်ကျယ်လက်မှတ်ရေးထိုးလိုက်ရင် ဦးသိန်းစိန်အစိုးရ ဟာ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်သူအဖြစ် အသိအမှတ်ပြုပေးကြ တော့မယ့်အပြင် မြန်မာ့
တပ်မတော်ကိုလည်း ပိုပြီးအသိအမှတ်ပြု၊ အဆက်အဆံကူးလူးလု
ပ်လာကြတော့ မယ်။ ထိုသို့တရားဝင်ဖြစ် လာလေ တပ်မတော်ဟာပိုပြည့်ဖြိုးလာလေ၊ စစ်လက်နက်တွေပိုဖြည့်စည်း လာလေ လုပ်လိမ့်မယ်။ ပြီးရင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တာနဲ့ အဲ့ဒီစစ်အင်အားတွေကို အသုံးပြုလိမ့်မယ်ဆိုပြီး တိုင်းရင်းသားတွေက သံသယရှိနေတယ်။ သစ်မှောင်ခိုဖမ်းတာတောင် လေယာဉ်နဲ့ဗုံးကြဲနေတယ်။ တပ်မတော်ဟာ လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေနဲ့ ယုံကြည်မှုရအောင် လုပ်နိုင်သေးပုံမရဘူး။ တပ်မတော်က စစ်လက်နက်တွေ ဖြည့်တင်းပြီးရင် လက်နက်ကိုင်သူပုန်တွေကို တိုက်မယ်ဆိုပြီး မြင်နေပုံရတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးဖို့နေ့ရွှေ့ညရွှေ့ဖြစ်နေတာကိုး။ ရင်လေးစရာနော် ''
ပ်လာကြတော့ မယ်။ ထိုသို့တရားဝင်ဖြစ် လာလေ တပ်မတော်ဟာပိုပြည့်ဖြိုးလာလေ၊ စစ်လက်နက်တွေပိုဖြည့်စည်း လာလေ လုပ်လိမ့်မယ်။ ပြီးရင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တာနဲ့ အဲ့ဒီစစ်အင်အားတွေကို အသုံးပြုလိမ့်မယ်ဆိုပြီး တိုင်းရင်းသားတွေက သံသယရှိနေတယ်။ သစ်မှောင်ခိုဖမ်းတာတောင် လေယာဉ်နဲ့ဗုံးကြဲနေတယ်။ တပ်မတော်ဟာ လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေနဲ့ ယုံကြည်မှုရအောင် လုပ်နိုင်သေးပုံမရဘူး။ တပ်မတော်က စစ်လက်နက်တွေ ဖြည့်တင်းပြီးရင် လက်နက်ကိုင်သူပုန်တွေကို တိုက်မယ်ဆိုပြီး မြင်နေပုံရတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးဖို့နေ့ရွှေ့ညရွှေ့ဖြစ်နေတာကိုး။ ရင်လေးစရာနော် ''
အထက်ပါအကြောင်းအရာလေးဟာ ဂျာနယ်တစ်စောင်ရဲ့စာမျက်နှာတစ်ခုမှာဖော်ပြထားတာ တွေ့ရလို့ သေသေချာချာခေါက်တုံ့ခေါက်ပြန်ဖတ်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း တိုင်းရင်းသားတစ်ဦးဖြစ်နေတော့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်တစားရှိခဲ့ပြီး NCA ကနေပေါ်ထွက်လာမယ့်အကျိုးဆက်တွေကို အများကြီးမျှော်လင့်မိနေပါတယ်။ ဒါကြောင့် NCA နဲ့ ပတ်သက်တဲ့ စာအုပ်စာစောင်ပါအကြောင်းအရာတွေကို အလေးထားဖတ်ရှု့မိ တယ်ဗျာ။ သေချာဖတ်မိလိုက်တော့ တစ်ကယ်ပဲစိုးရိမ်မိသွားတယ်။ သမ္မတနဲ့တပ်မတော်
က ထိုသို့ ဖန်တီးနေတာလား။ လက်နက်တွေဖြည့်တင်းပြီး တိုက်တော့မှာလား။ ကျွန်တော်စိတ်ထဲမှာ အတွေး တစ်မျိုးဖြစ်သွားမိတယ်။ ပြီးတော့မှမဖြစ်နိုင်ပါလားဆိုတာ ကျွန်တော်သတိထားမိလိုက်တယ်။ တပ်မတော်က တိုင်းရင်းသားတွေကိုတိုက်ချင်တယ်၊ ချေမှုန်းချင်တယ်ဆိုရင် အခုရှိနေတဲ့စစ်လက်နက် ပစ္စည်းနဲ့တင်တိုက်လို့ရတယ်ဆိုတာကို အတွေးဝင်သွားမိတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်နေ့မှာပြတဲ့ လက်နက်တွေကလည်းမနည်းရောပေါ့။ တစ်ကယ်တော့ ဃြဗ ရဲ့အဓိကအကျိုးကို မျှော်လင့်နေတာ ကတော့ ကျွန်တော်တို့ပြည်သူတွေပါ။ လက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်ကလည်း တိုင်းရင်းသား ပြည်သူတွေအတွက် ရည်မှန်းပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ မိမိလူမျိုးစု၊ မိမိပြည်နယ်ကိုကာကွယ်ဖို့ လက်နက်ကိုင်နေတဲ့ တိုင်းရင်းသားတွေရဲ့ရည်မှန်းချက်က သူတို့ပြည်နယ်မှာမှီတင်းနေထိုင်တဲ့ ကျွန်တော်တို့လိုပြည်သူတွေစိတ်ချမ်းသာဖို့မဟုတ်ပါလား။ ထိုနည်းတူ တပ်မတော်ကလည်း မြန်မာပြည် အတွင်းမှာမှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတွေ တည်ငြိမ်အေးချမ်းစွာနေထိုင်ဖို့ဖွဲ့စည်းထားတဲ့ တပ်မတော်မဟုတ်ပါလား။ ဒါကြောင့် ရည်ရွယ်ချက်ချင်းတူညီနေတဲ့ မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်တွေက ဃြဗ အပေါ် လက်မှတ်ရေးထိုးမှုအနှေးနဲ့အမြန်ဆိုသလိုဖြစ်လာမယ်လို့ မျှော်လင့် ပါတယ်။
တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းစွာနေထိုင်လိုမှုကို မတွေ့စေချင်တာလား၊ ငြိမ်းချမ်းရေးရဲ့အရသာကိုပဲ မခံစားဘူးတာလား၊ မြန်မာ့တပ်မတော်က နိုင်ငံပိုင် ရေ၊ မြေ၊ တောတောင်ကို ကြည်း၊ ရေ၊ လေ စွမ်းအားတွေနဲ့ကာကွယ်စောင့်ရှောက်တာကို မမြင်ချင်၊ မတွေ့ချင်တာလား။ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ ဟာ စည်းလုံးညီညွတ်ပြီး တိုင်းရင်းသားပေါင်းစုံလက်တွဲနေထိုင်နိုင်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကို နိုင်ငံတော်သမ္မတ
တစ်ယောက်ထဲရမယ်လို့ထင်တာလားဆိုတဲ့မေးခွန်းတွေကို သံတော်ဆင့်ဂျာနယ်ပါ စာရေးသူ စည်သူအောင်မြင့်ကို မေးလိုက်ချင်ပါတယ်။ စာရေးသူ စည်သူအောင်မြင့် မဖြေခင်မှာတော့ ကျွန်တော်ပြောပြခဲ့ချင်တာကတော့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေး
ဟာ ပြည်သူအားလုံးနဲ့သက်ဆိုင်သလို NCA ရဲ့အောင်မြင်မှုဟာလည်း မြန်မာပြည်မှာရှိတဲ့ သန်း ၆ဝ ပြည်သူရဲ့ဂုဏ်သတင်းပါပဲ။ စာရေးသူ စည်သူအောင်မြင့်ရဲ့ မိသားစုစည်းလုံးညီညွတ်စွာနဲ့ အေးအေး ချမ်းချမ်းနေထိုင်နိုင်မှုဟာ အကြီးဆုံးဖြစ်တဲ့အိမ်ထောင်ဦးစီးကြောင့် မဟုတ်ဘဲ မိသားစုသားသမီးတွေရဲ့ စည်းလုံးမှု၊ ကြိုးစားမှု၊ ရိုးသားမှုတို့ကြောင့်ဖြစ်သလို အောင်မြင်မှုအသီးအပွင့်ဟာလည်း အားလုံးခံစား ရမှာပဲလေ။ ဒါကြောင့် NCAရဲ့အကျိုးဆက်နဲ့ အကျိုးရလဒ်ကောင်းတွေအပေါ် အမြဲစောင့်ကြည့်နေတဲ့ ကျွန်တော်တို့ကို တိုင်းရင်သားညီအစ်ကိုမောင်နှမများအတွက်ဖြန့်ဝေစေပြီး စိုးရိမ်စိတ်တွေပိုဖြစ်စေတဲ့ အတွေးအခေါ်နဲ့ အရေးသားတွေကို ငွေနောက်မလိုက်စေချင်တော့တာပါပဲ။
နော်ဆိုင်း
No comments:
Post a Comment