ရပ်ကွက်အတွင်းမှ စရိုက်စုံအမျိုးသမီးများအကြောင်း အဓိကထားရိုက်ကူးနေသည့် ‘‘ရပ်ကွက်ထဲကဘုရင်မ" ဟာသရုပ်ရှင်ကို နာမည်ကြီးမင်းသမီးငါးဦးနှင့် ရိုက်ကူးနေကြောင်း လပ်ကီးဆဲဗင်းထုတ်လုပ်ရေးမှ ကိုအုန်း ဝင်းက ပြောသည်။
ယင်းဇာတ်ကားတွင် မို့မို့မြင့်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မေခလာနှင့် ခိုင်းသင်းကြည်တို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားပြီး ကိုအုန်းဝင်း၏ဇာတ်လမ်းကို ဒါရိုက်တာခင်စောမျိုးက ရိုက်ကူး နေခြင်းဖြစ်သည်။
‘‘နေရာမျိုးစုံကနေ အကြောင်းကြောင်းကြောင့် ပြောင်းလာတဲ့ စရိုက်အမျိုးမျိုးနဲ့ အမျိုးသမီးတွေ ရပ်ကွက်ထဲ မှာ ဆုံပြီး ဖြစ်လာတဲ့ ဇာတ်လမ်းလေးပါ’’ဟု ကိုအုန်းဝင်းက ပြောသည်။
အဆိုပါဇာတ်ကားတွင် မို့မို့ မြင့်အောင်က မဟုတ်မခံဆတ်ဆတ်ကြဲဇာတ်ရုပ်၊ မေသန်းနုက သမီးကိုဗန်းပြ၍ ချူစားသည့် ဇာတ်ရုပ်၊ စိုးမြတ်သူဇာက အသက်ကြီးကြီးယောက်ျားများကို ချူစားသည့် ဇာတ်ရုပ်၊ မေခလာ က လူလည်ကျသည့် ဇာတ်ရုပ်နှင့် ခိုင်သင်းကြည်က စွာကျယ်ကျယ် ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ရမည် ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယင်းရုပ်ရှင်၌ ကျော်ရဲအောင်၊ ရဲအောင်၊ မင်းဦး၊ ဖြိုးငွေစိုးနှင့် မိုးအောင်ရင်တို့လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဗေလုဝ၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ အပါအဝင် ဟာသသရုပ်ဆောင် သုံးဆယ်ကျော် ပါဝင်သရုပ် ဆောင်မည်ဖြစ်ကြောင်း ကိုအုန်းဝင်းက ပြောသည်။
လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ် လုပ်ရေးသည် ယခုနှစ်အတွင်း ကျော်သူပါဝင်သရုပ်ဆောင်ထား သည့် ‘ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား’နှင့် လွန်ခဲ့သည့် ဆယ်စုနှစ်က အောင်မြင်ခဲ့သော ‘‘ယော က္ခမဆိုတာ တစ်ခါတုန်းက သမက် ပါပဲ’’ရုပ်ရှင်၏အဆက်အနေဖြင့် ရိုက်ကူးသည့် ‘‘အရွယ်သုံးပါး ချစ်တတ်သည်’’ရုပ်ရှင်ဇာတ်ကား နှစ်ကား ရိုက်ကူးထားပြီး ‘‘ရပ် ကွက်ထဲက ဘုရင်မ’’ဇာတ်ကား သည် ယခုနှစ်အတွင်း သုံးကား မြောက်ရိုက်ကူးသည့် ရုပ်ရှင်ဖြစ် သည်။
7Day Daily
No comments:
Post a Comment