ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ထိုင်းယူရေနီယံစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိ သည်။
အဓမ္မပြုကျင့်ခံရသည့် မြန်မာအမျိုးသမီးမှာ ဧရာဝတီတိုင်း၌ နေထိုင်သည့် အသက်(၁၉)နှစ်အရွယ် ကရင် အမျိုးသမီးဖြစ်ပြီး ဇွန် လ ၃ ရက်တွင် အလုပ်မှအိမ်သို့ ပြန်လာစဉ် ထိုင်းနိုင်ငံသား ခြောက်ဦးက အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။
‘‘အခုလို ပြစ်မှုတွေ ကျူးလွန်ခံရသူတွေ ထိုင်းနိုင်ငံမှာ ရာနဲ့ချီ ပြီးရှိပါတယ်။ ဒီလိုလူမျိုးတွေကို အစိုးရအနေနဲ့ သူတို့တိုင်းပြည်ဥပဒေအတိုင်း အရေးယူပြဖို့ တောင်းဆိုပါတယ်။ ကျန်နေသေးတဲ့ တရားခံလေးဦးကိုလည်း အမြန်ဖော်ထုတ်ပေးဖို့နဲ့ အခုအမျိုးသမီးကိုလည်း ကာကွယ်စောင့်ရှောက်ပေးဖို့ တောင်းဆိုထားတယ်’’ဟု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံသားများ မတရားပြုခံရမှုများကို မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံအစိုးရထံသို့ တရားဝင် ကန့်ကွက်စာများပို့ပေး ရန် တာဝန်ရှိကြောင်း ဆန္ဒထုတ် ဖော်ပွဲတွင် ပါဝင်သူ ဦးအောင်မြိုင် က ပြောသည်။
‘‘ကျွန်တော်တို့ လှေစီးဒုက္ခသည်ဆိုတဲ့ ဘင်္ဂါလီတွေ ဝင်လာတုန်းကလည်း မြန်မာပြည်ကို ထိုင်းက စွပ်စွဲဖူး တယ်။ အဲဒီတုန်းကလည်း မြန်မာပြည်က တာဝန်ရှိသူ ပြတ်ပြတ်သားသား ငြင်းခဲ့တယ်။ အခုလို အနိုင်ကျင့်ခံနေရတဲ့ ကိစ္စတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးတွေ လုပ်ဆောင်ပေးသင့်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဇွန်လ ၁၆ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခွင့်မရခဲ့သော်လည်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား ကာကွယ်ပေးရန်နှင့် ယခုဖြစ်ပွားခဲ့သည့် အမှုကို အမြန်ဆုံး ဖော်ထုတ်ပေးရန် ထိုင်းသံအမတ်ထံသို့ စာပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့၌ ဇွန် လ ၁၆ ရက်တွင် ဆန္ဒပြရန် အမျိုး သားအရေး လှုပ်ရှားသူများက သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များထံ ခွင့်ပြုရန် တောင်းခံခဲ့သော်လည်း အာဏာပိုင် များက ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်း၌သာ ပြုလုပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
7 Day Daily
No comments:
Post a Comment