Thursday, June 4, 2015

ယူ ၂၀ ကမ္ဘာ့ဖလား နှင့် အကျည်းတန်ပြယုဂ်

ကမ္ဘာ့ဖလားအဆင့်သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော ယူ ၂၀ မြန်မာလူငယ်ဘောလုံးအသင်းအနေနဲ့ ၃၀ ရက် ၅ လ ၂၀၁၅ ရက်နေ့က နယူးဇီးလန်နိုင်ငံတွင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာ့ဘောလုံး
သမိုင်းရဲ့ ပထမဆုံးသော ကမ္ဘာ့အဆင့်ပြိုင်ပွဲ
အဖြစ် အင်အားကြီးဘောလုံးအသင်းဖြစ်တဲ့အမေရိကန်နိုင်ငံ
လူငယ်ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ခဲ့ ပြီဖြစ်ပါတယ်။

အဲဒီဘောလုံးပြိုင်ပွဲကိုကြည့်ရှုဖို့အတွက် မြန်မာနိုင်ငံအသီးသီးမှာရှိကြတဲ့ ပြည်သူတွေဟာ မြို့ကြီးပြကြီးတွေ
aရှ့က LED ဖန်သားပြင်ကြီးတွေရဲ့ရှေ့၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်အစရှိတဲ့ ဘောလုံးပွဲပြ
သသောဆိုင်ကြီးများရဲ့ရှေ့၊ မိမိတို့နေအိမ်အသီးသီးက တီဗွီဖန်သားပြင်တွေရဲ့ရှေ့မှာပွဲမစင်တင်မီနာရီ
ဝက်အလိုလောက်ကတည်းက အသင့်စောင့် ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

ဘောလုံးပွဲစတင်ခဲ့တဲ့ အချိန်မှာလည်း နယူးဇီလန်မှာနေထိုင်ကြတဲ့ မြန်မာလူမျိုးအချို့နဲ့ သံရုံးမိသားစုဝင်များဟာမြန်မာနိုင်ငံအလံကို ပုခုံးထက်မှာချိတ်လို့ နိုင်ငံတော်သီချင်းကို ဘောလုံးကွင်း
တစ်ခုလုံး ဟိန်းနေအောင် အာခေါင်ခြစ် အော်ဟစ်သီဆိုခဲ့ကြတာကိုမြင်ခဲ့ရပြီး မြန်မာလူမျိုးတို့
ရဲ့မျိုးချစ်စိတ်ဓါတ်ပြင်းပြမှုကိုလည်း ကမ္ဘာသိအောင်ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ အထူးတန်းပွဲကြည့်စဉ်
ထက်က မြန်မာအမျိုးသမီးတစ်ဦးရဲ့ နိုင်ငံတော်သီချင်းကိုမျက်ရည်ဝိုင်းလျက်သီဆို နေတဲ့ မြင်ကွင်းကလည်း ကမ္ဘာ့မီဒီယာအသီးသီးရဲ့ ရုပ်မြင်သံကြားမျက်နှာပြင်တွေထက်မှာ တစ်ခမ်းတစ်နားဖြစ်ခဲ့တာကို မြင်တွေ့  ကြားသိခဲ့ရပါတယ်။ ထို့အတူ နယူးဇီလန်နိုင်ငံ ဖန်ဂရိုင်မြို့တော်ဝန်ကိုယ်တိုင်က မြန်မာအလံပါတဲ့ မာဖလာကို လည်ပင်းမှာပတ်ပြီး မြန်မာအသင်းဘက်က အားပေးခဲ့တဲ့ ပုံရိပ်တွေကလည်း ကမ္ဘာကျော်ခဲ့ ပြန်ပါတယ်။

အခုလိုမျိုး ပြည်တွင်းပြည်ပမှာရှိနေထိုင်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ မျိုးချစ်စိတ်ပြင်းထန်မှု၊ စည်းလုံး ညီညွတ်မှု၊ အမျိုးသားရေးစိတ်ဓါတ်နိုးကြားမှုတွေနဲ့အတူ နယူးဇီလန်ပရိတ်သတ်တွေကပါ မြန်မာအသင်းကို အားတက်သရောအားပေးခဲ့တဲ့ ပုံရိပ်တွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့မီဒီယာကဏ္ဍတွေမှာ နေရာယူခဲ့သလို မြန်မာလူငယ်ဘောလုံး အသင်းရဲ့ကြိုးစား အားထုတ်မှုနဲ့ စိတ်ဓါတ်ပြင်းပြမှု ခြေစွမ်းထက်မှုတွေကိုလည်း ကမ္ဘာက အသိမှတ်ပြုအံ့အားသင့်ခဲ့ရပါတယ်။

သို့ပေမယ့်လည်း Northen Event Parkဘောလုံးကွင်းရဲ့အရှေ့ဘက်ပွဲကြည့်စဉ်ထက်က မြန်မာပရိတ် သတ်တချို့ရဲ့ အပြုအမူကြောင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတွေနဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်နေတဲ့ မြန်မာ ဘောလုံးအသင်းတို့အတွက် အရှက် ရစေခဲ့ရသလို ဖြူစင်တဲ့အားကစားပြိုင်ပွဲတစ်ခုကို အကျည်းတန်မှု ဖြစ်ခဲ့ရပါတယ်။

နယူးဇီလန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံနေတဲ့ ယခင်က ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ၈၈ ကျောင်းသား ဟောင်းဆိုသူတွေက ကမ္ဘာ့အဆင့်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းကို အားပေး နေကြတဲ့နေရာမှာ မြန်မာနိုင်ငံတော် အလံအစား ၈၈ ကျောင်းသားသမဂ္ဂအလံနဲ့ ၁၉၄၈ ခုနှစ်က အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံဟောင်းကိုလွှင့်ထူ အားပေးခဲ့ကြတဲ့အတွက်သူတို့ရဲ့ဓါတ်ပုံတွေဟာ လူမှု ကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် မြန်မာတစ်မျိုးသားလုံး ဒေါသအမျက်ထွက်ခဲ့ရပြီး အဲဒီလုပ်ရပ်ကို ၀ိုင်းဝန်းရှုတ်ချခဲ့တာကို တွေ့ခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် မိမိနိုင်ငံရဲ့ ယှဉ်ပြိုင် မှုကို အားပေးရာမှာ နိုင်ငံရေးဝါဒတွေကို ထည့်သွင်းလုပ်ဆောင်ခဲ့ကြတာကြောင့် မြန်မာတစ်မျိုးသားလုံး အရှက်ရစေခဲ့ရသလို၊ ထိုကဲ့သို့ လုပ်ဆောင်ခဲ့သူတွေကိုလည်း မြန်မာပြည်သူအားလုံးက လူမှုကွန်ယက် စာမျက်နှာတွေကတဆင့် ၀ိုင်းဝန်းကန့်ကွက်ခဲ့ ကြတာကိုတွေ့ခဲ့ရပါတယ်။
အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး “ရိုးသားတဲ့ အဖြူရောင်အားကစားကို ခုတုံးလုပ်တတ်ကြသူတွေ၊ လူလို မသိတတ်သူတွေ” လို့ လူမှုကွန်ယက်စာမျက်နှာမှာ ထင်ရှားကျော်ကြားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကသူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ပြင်းပြင်းထန်ထန်ရေးသား ဝေဖန်ထားတာကိုလည်း တွေ့ရပါ တယ်။ “အခုလို ကမ္ဘာ့အဆင့်ဘောလုံးပွဲမှာ နိုင်ငံရေးလာလုပ်တာဟာ လွန်စွာရွံရှာဖို့ကောင်းတဲ့ စိတ်ဓါတ် ဖြစ်တယ်။ ပြီးသူတို့ရဲ့လုပ်ရပ်ဟာ နှိုင်းပြစရာစကားမရှိလောက် အောင်ကို အောက်တန်းကျပါတယ်” လို့လဲ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဝေဖန်ခဲ့ပါတယ်။

အဲဒီအလံကိုယူဆောင်သွားပြီး အားပေးခဲ့သူတွေကတော့ UNHCR မှဒုက္ခသည်ဟုဆိုသော ခင်လွန်း၊ ၈၈ ကျောင်းသား ဟောင်းဆိုသူများနှင့် ၎င်းတို့ရဲ့မိသားစုတွေဖြစ်ကြောင်းတွေ့ရပါတယ်။

ယခုလိုဒုက္ခသည်အမည်ခံတွေရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေကြောင့် UNHCR က မြန်မာနိုင်ငံကို မလေးမစား လုပ်နေတာဖြစ်ကြောင်း၊ အခုလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် သူတို့ရဲ့အရမ်းသိမ်ဖျဉ်းတဲ့စိတ်ဓါတ် ကို တွေ့ရကြောင်း၊ ၎င်းအနေနဲ့မြန်မာ ဘောလုံးအသင်းကို ချစ်လို့လာအားပေးတာမဟုတ်ဘဲ နိုင်ငံရေး   လာလုပ်တာသာဖြစ်ကြောင်း၊ နိုင်ငံကိုတမင်သက်သက်သိက္ခာလာချတဲ့အဖွဲ့အစည်းဖြစ်ကြောင်း၊ ဘောလုံးပွဲ တောင်မချန် နိုင်ငံရေးလာလုပ်စား ကြတာဟာ ရှက်ဖို့ ကောင်းကြောင်း၊ မြန်မာအတိုက်အခံတွေရဲ့ အမည်ခံမျိုးချစ်စိတ်ကို ရွံ့ရှာကြောင်း အစရှိသည်ဖြင့် အဲဒီဓါတ်ပုံကို ဖော်ပြခဲ့တဲ့ သတင်းဌာနတစ်ခုရဲ့ သတင်းဓါတ်ပုံအောက်မှာလည်း ပြည်သူအများက ၀ိုင်းဝန်းရှုတ်ချရေးသားခဲ့ကြတာကိုလည်း တွေ့ရပါ တယ်။

မြန်မာဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ် တာနဲ့အညီ ပြည်သူအားလုံးကာ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျိုးချစ်စိတ်ထက်သန်စွာ အားပေးခဲ့ကြပေမယ့် ယခုလို ဒုက္ခသည် အမည်ခံတချို့အနေနဲ့ ယခုလို နိုင်ငံသိက္ခာကို ကမ္ဘာ့အလယ်မှာ ချနင်းပြလိုက်ခြင်းက နိုင်ငံရဲ့ပုံရိပ်ကို များစွာထိခိုက်စေခဲ့ပါကြောင်းနဲ့ ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ပထမမြောက်နေ့ရက် မှာပဲ အကျည်းတန်ပုံရိပ်တစ်ခု ဖြစ်စေခဲ့သည်။
Opposite Eyes

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ