Sunday, June 7, 2015

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၀ တင်ပို့ရန် ဆန်စပါးအသင်းချုပ် စီစဉ်

ဆန်တန်ချိန်၃,၀၀၀ကို ဇွန်လ ၂၀ရက်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်တရားဝင်တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

‘‘တရုတ်ကိုတော့ တရားဝင်လမ်းကြောင်းကပေါက်ပြီ။ အာဖရိကနိုင်ငံနဲ့ တခြားဈေးကွက်တွေကို
လည်းတင်ပို့ နိုင်ဖို့ ကြိုးစားနေတယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်အထွေထွေအတွင်းရေး မှူးဦးရဲမင်းအောင်က ပြောသည်။

တရုတ်သို့ တရားဝင်ဆန်ရောင်းချရာတွင် ပိုးမွှားရောဂါ၊ ဆန်အရည်အသွေး၊ ဆန်စက်အခြေအနေ၊ ဆန်သိုလှောင်ထား မှုပုံစံတို့ကို စစ်ဆေးပြီးမှသာ သ ဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။ လက်ရှိ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာတွင်ကုမ္ပဏီ ၂၉ခုအားရွေးချယ် အသိအမှတ်ပြုထားပြီး ပထမဆုံး မြန်မာ့ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO)မှ တန် ၃,၀၀၀ စတင်ပို့မည်ဖြစ်သည်။

လက်ရှိတရုတ်နိုင်ငံသို့ တ ရားဝင်ဆန်ရောင်းချမှုတွင် ဧည့်မ ထ ၂၅မှတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၂၀ မှ ၃၃၀ ကြားဈေးရရှိသည်။ လက်ရှိ မြန်မာ့ဆန်ဈေးကွက်သည် တရုတ်နိုင်ငံသို့သာ အဓိကတင်ပို့ရောင်းချနေရပြီး ယခုကဲ့သို့ တရားဝင်ဆန် တင်ပို့ခွင့်ရရှိပါက ယခုဘဏ္ဍာနှစ်ပြည်ပသို့ ဆန်တင်ပို့မှုမှာတန် ချိန် နှစ်သန်းခန့်မျှော်မှန်းထား ကြောင်းဦးရဲမင်းအောင်ကရှင်းပြ သည်။ ယခင်နှစ်က ပြည်ပသို့ဆန် တင်ပို့မှုမှာ တန်ချိန် ၁ဒသမ၈ သန်းခန့်ရှိခဲ့သည်။

တရုတ်ဈေးကွက်သည် မြန်မာနိုင်ငံအတွက် ကြီးမားသောဈေးကွက်တစ်ခုဖြစ်ပြီး ယနေ့အချိန်ထိ ဆန် တန်ချိန်များစွာဝယ်ယူနေ သဖြင့် ယခုကဲ့သို့တရားဝင်တင်ပို့ နိုင်ပါက အခွင့်အရေးများစွာရရှိ နိုင်ကြောင်း ပြည်ပသို့ ဆန်တင်ပို့ နေသည့် လုပ်ငန်းရှင်ဦးမျိုးသူရ အေးကပြောကြားသည်။

တရုတ်ကုန်သည်များက မြန်မာ့ဆန်ဝယ်ယူရာတွင်နယ်စပ်မှတစ်ဆင့်တရားမ၀င်သာ ၀ယ်ယူနေသည်။ ယင်းသို့ ၀ယ်ယူရာတွင် ဇွန်လ ၄ ရက်မှစတင်၍ ယူနန်ပြည်နယ်မှ အကောက်ခွန်အဖွဲ့များက တရားမ၀င် ကုန်ပစ္စည်းများတင်သွင်းမှုကို နယ်စပ်ဒေသ၌ စနစ်တကျစစ်ဆေးနေ၍ မူဆယ်ဆန်ဈေးကွက်ကို ခေတ္တရပ်နားထားရသည်။ လက်ရှိ နယ်စပ်မှ တရုတ်ကုန်သည်များ၏ တရားမ၀င် ဆန်ဝယ် ယူမှုသည်တစ်ရက်လျှင်တန်ချိန်ပျမ်းမျှ ၃,၅၀၀ခန့်ရှိနေသည်။ ယခင်ဘဏ္ဍာနှစ်က တရုတ်နိုင်ငံသို့ ရောင်းချသည့် ဆန်တန်ချိန် ၁၁သိန်းကျော်မှာလည်း နယ်စပ်မှတရားမ၀င်ရောင်းချခဲ့သည့် ပမာဏဖြစ် သည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် ပြည်တွင်း၌ ဆန်လိုအပ်ချက်များနေခြင်း၊ ဗီယက်နမ်နယ်စပ်မှ ဆန်တင်သွင်းမှုကိုအဖမ်းအ ဆီးများစွာဖြင့် တင်းကျပ်နေခြင်း တို့ကြောင့်မြန်မာ့ဆန်ကို ပမာဏများစွာ ၀ယ်ယူနေခြင်းဖြစ်သည်။
7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ