စတုတ္ထတစ်ကိုယ်တော် အခွေတွင် ပါဝင်မည့်သီချင်းတစ်ပုဒ်ကို ဇွန်လ ၁၂ ရက်၌ အွန်လိုင်းက ရောင်းချ ပေးမည်ဖြစ်ကြောင်း အဆိုတော် Rဇာနည်က
ပြောကြားသည်။
ပြောကြားသည်။
‘‘ရေမွန်ရေးပေးထားတဲ့ အိပ်မက်ရင်းစောင့်ဆိုတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းလေးကို ဖြန့်ပေးမှာပါ။ အချစ် သီချင်း လေးပါပဲ’’ဟု ၎င်းက ပြောကြားသည်။
အဆိုပါသီချင်းအတွက် အမ်တီဗီကို အမေရိကန်နိုင်ငံသို့ ဖျော်ဖြေရေးခရီးသွားရောက်စဉ် ရိုက်ကူးထား သောကြောင့် ယင်းသီချင်းဖြန့်ချိမည့်နေ့တွင် ယူကျု့ဘ်၌တင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
‘‘အဲဒီသီချင်းအကြမ်းဆိုပြီးတဲ့အချိန် ၂၀၁၃ အမေရိကားကို ဖျော်ဖြေရေးသွားတုန်းက ဒါရိုက်တာသုံးပေါင်က ရိုက်ပေးထား တာ။ The Tree နဲ့ ကိုယ်နဲ့အမေရိကားက ကောင်မလေးတစ်ယောက်နဲ့ရိုက်ထားတာ’’ ဟု အိပ်မက်ရင်းစောင့် အမ်တီဗီအကြောင်း ၎င်းက ပြောသည်။
စတုတ္ထတစ်ကိုယ်တော် အခွေတွင် ကိုယ်ပိုင်သံစဉ်များသာ ပါဝင်မည်ဖြစ်ပြီး စီးရီးခေါင်းစဉ် ကို ‘ငါ့ကမ္ဘာ’ဟု အမည်ပေးထား ကြောင်း Rဇာနည်က ပြောကြား သည်။
‘‘တစ်ကိုယ်တော်အခွေက Mixing ဆွဲတဲ့အပိုင်းကိုရောက် သွားပြီး title ကိုတော့ ‘ငါ့ကမ္ဘာ’ လို့ပေးထား တယ်။ ဒီအခွေက တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်ဆိုတော့ ကိုယ့်ရဲ့ပထမဆုံး ကိုယ်ပိုင်သံစဉ် အယ်လ်ဘမ် ဖြစ်မယ်။ တေးရေးဆရာကလည်း တစ်ပုဒ်တစ်ယောက်လောက်ဖြစ်မယ်။ သီချင်းကတော့ ၁၁ ပုဒ်၊ ၁၂ ပုဒ် လောက်ပါမယ်’’ဟု ၎င်းက ပြောသည်။ Rဇာနည်သည် ‘ငါ့ကိုချစ် မယ့်သူ’၊ ‘စည်းတစ်ဖက်ခြား’၊ ‘အဆိပ် တက်အိပ်မက်’ စသည့် တစ်ကိုယ်တော်ခွေသုံးခွေ ထွက်ရှိထားသည်။
7day daily
No comments:
Post a Comment