Tuesday, June 16, 2015

ယူ -၂၃ ဘောလုံးပွဲကြည့်ရတာ အိပ်ရေးပျက်တယ်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဇွန်လ ၁၅ ရက် ညပိုင်းတွင်ကစားခဲ့သော မြန်မာ-ထိုင်း ဆီးဂိမ်း ဘောလုံးဗိုလ်လုပွဲအား ကျေနပ်မိကြောင်း၊ ယခင်က တီဗွီမှ ဘောလုံးပွဲကို အစအဆုံးမကြည့်ဖူးကြောင်း၊ မနေ့ကပွဲကို အစအဆုံးကြည့်ဖြစ်ပြီးဘောလုံးပွဲ ကြည့်ရသည့်အတွက် အိပ်ရေးပျက်သွားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁၆ ရက် မနက်ပိုင်း လွှတ်တော်တက်စဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဘောလုံးပွဲကြည့်ရသည်မှာ အိပ်ရေးပျက်ကြောင်း ပြောကြားခဲ့သည့် အတွက်ဒေါ်စု၏ ကျန်းမာရေးကို စိတ်ပူသူများ ရှိသလို ထိုသို့မပြောသင့်ဟု သုံးသပ်သူများလည်း ရှိပါသည်။

NLD ပါတီကို ထောက်ခံသူတစ်ဦးဖြစ်သည့် မိတ္ထီလာမြို့မှ မခင်စန္ဒာ က “အမေစုက အသက် ၇၀ ရှိပြီလေ၊ လူကြီးဆိုတာ ကြက်အိပ်ကြက်နိုးဖြစ်တတ်တော့ စောစောအိပ်မှ အိပ်ရေးဝမှာပေါ့။ ဒါပေမယ့် ညကိုးနာရီ
မှာ ဘောလုံးပွဲပြီးတာကို အိပ်ရေးပျက်တယ်ဆိုတော့ အမေစုကျန်းမာရေးကို တော်တော်စိတ်ပူမိတယ်။ အားတွေ ဘာတွေများ အရမ်းနည်းနေပြီလားလို့။ သမီးက အမေစု ၂၀၁၆ မှာ သမ္မတ မဖြစ်ရင်တောင် ၂၀၂၀ မှာ သမ္မတ အဖြစ်မြင်ရမယ်လို့ အရမ်းမျှော်လင့်ထားတာ” ဟုဆိုသည်။

ဘောလုံးပွဲအား မဟာဗန္ဓုလပန်းခြံအတွင်း LCD ဖြင့် ပြသမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သော ကိုအောင်သန်းထွတ် က “အမေစုအနေနဲ့ အိပ်ရေးတော့ ပျက်တာပေါ့ဆိုတာ မပြောသင့်ဘူးထင်တာပဲ။ စင်ကာပူဆို ကျွန်တော်တို့ထက် တစ်နာရီခွဲလောက်ပိုစောတာ၊ ဘောလုံးပွဲအားပေးတဲ့ ပရိသတ်တွေ ည ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီလောက်မှ ကိုယ့်အိမ်ကိုယ် ပြန်ရောက်ကြမှာ၊ မြန်မာပြည်မှာလည်း ကိုယ့်မြန်မာ အသင်းကို အားပေးမယ်ဆိုတဲ့စိတ်တဲ့ မိုးထဲရေထဲမှာ LCD တွေမှာ လာပြီး အားပေးနေတဲ့သူ တွေ အများကြီးပဲ။ အပြစ်ရှာတာတော့ မဟုတ်ဘူး။ အမေစုက ဘောလုံးသမားတွေကို တော်တယ်လို့ ပြောပေမယ့် ဝတ်ကျေတန်းကျေ ပြောသွားသလိုပဲ။ ဆီးဂိမ်းမှာ ဗိုလ်လုပွဲအထိ တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဆိုတာမျိုးတောင် မပြောသွားဘူး။ ဘောလုံးပွဲကြည့်ရလို့ အိပ်ရေးပျက်တယ်ဆိုတာကိုတော့ ခံစားလို့ မရဘူး” ဟု ၄င်းအမြင်ကို ပြောကြားခဲ့သည်။

“အိပ်ရေးပျက်တယ် ဆိုတဲ့ စကားက ဘာကို ပြောတာလဲ။ တစ်နိုင်ငံလုံး ဒီပွဲကြည့်ပြီး အိပ်မပျော်နိုင် ဖြစ်နေ ကြတာ။ အိပ်ရေးပျက်တယ် ဆိုတဲ့ စကားမျိုးတော့ မပြောသင့်ဘူး ထင်တယ်။ အိပ်ရေးပျက် မခံနိုင်ရင် အစကတည်းက မကြည့်နဲ့ပေါ့။ သူ့ကို ဘယ်သူကမှ ဒုတ်နဲ့ရိုက်ပြီး မအိပ်နဲ့ ကြည့် ဆိုပြီး ပြောနေတာ မဟုတ်ဘူး။ အိပ်ရေးပျက်တယ် ဆိုတာကတော့ မျိုးချစ်စိတ် မရှိတာပဲ။ ဒါက တစ်နိုင်ငံလုံး အုံနဲ့ကျင်းနဲ့ အားပေးနေတာကို ပြက်ရယ်ပြုလိုက်သလို ခံစားရတယ်” ဟု မန္တလေးမှ ဘောလုံးပရိသတ်တစ်ဦး ဖြစ်သည့် ကိုမျိုးသန့်က ပြောသည်။

ယူ-၂၃ ဘောလုံးပွဲ ကြည့်၍ အိပ်ရေးပျက်တယ် ဟု ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်ကို ဤနေရာhttps://www.facebook.com/39218993127/videos/10153469474353128/?pnref=story တွင် ကြည့်ရှုနိုင်ပါသည်။

Opposiyte Eyes

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ