Thursday, June 18, 2015

ရာစုနှစ်အတွင်း ပထမဆုံးအဖြစ် အမေရိကန်ဒေါ်လာတွင် အမျိုးသမီးပုံသုံးမည်

အမေရိကန်ပြည်ထောင်စုသည် ရာစုနှစ်အတွင်း ပထမဆုံးအကြိမ် ငွေစက္ကူများတွင် အမျိုးသမီးတစ်ဦး၏ ရုပ်ပုံများကို အသုံးပြုသွားရန်ရှိကြောင်း ကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်လိုက်သည်။

ကန်ဘဏ္ဍာရေးဌာန၏ ကြေညာချက်တွင် ထိုအမျိုးသမီးကို ရွေးချယ်ရခြင်းမရှိသေးသော်လည်း ‘‘အားလုံး ပါဝင်သည့် မိမိတို့ ဒီမိုကရေစီစနစ်အတွက် ချန်ပီယံတစ်ဦး’’ဖြစ်မည်ဟု ဆိုထားသည်။ ထို့ပြင် ထိုအမျိုးသမီး ရုပ်ပုံပါ ၁၀ ဒေါ်လာတန်ငွေစက္ကူများကို လာမည့် ၂၀၂၀ မှစတင်၍ ထုတ်ဝေသွားမည်ဖြစ်ရာ ထိုငွေများမှာ လက်ရှိတွင် ၁၀ ဒေါ်လာတန်ငွေစက္ကူများပေါ်မှ အမေရိကန်၏ ပထမဆုံးဘဏ္ဍာရေးဝန်ကြီး အလက်ဇန္ဒားဟမ်မီလ်တန်၏ရုပ်ပုံများကို အစားထိုးသွားမည်ဖြစ်သည်။ အမေရိကန်သမိုင်းတွင် နိုင်ငံသုံး ဒေါ်လာငွေစက္ကူများတွင် လူဖြူအမျိုးသားဖြစ်သည့် နိုင်ငံရေးသူရဲကောင်းများ၊ သမ္မတများကိုသာ အများ အားဖြင့် ဖော်ပြပြီး ရိုက်နှိပ်ထုတ်ဝေလေ့ရှိကာ သမိုင်းတစ်လျှောက်တွင် အမျိုးသမီးပုံပါသည့် ငွေစက္ကူမှာ နှစ်ကြိမ်သာထုတ်ဝေဖူးသည်။ တစ်ကြိမ်မှာ နိုင်ငံ၏ပထမဆုံးသမ္မတ ဂျော့ခ်ျဝါရှင်တန်၏ ဇနီး မာသာဝါရှင်တန်၏ပုံကို ၁၈၈၀ နှင့် ၁၈၉၀ နှစ်များအတွင်း တစ်ဒေါ်လာတန်ငွေစက္ကူများတွင် ပုံနှိပ်ခဲ့ခြင်း ဖြစ်ကာ ထိုအရင်က ပိုကာဟွန်တာဆိုသည့် အမေရိကန်ဇာတိဖွားတိုင်းရင်းသား အမျိုးသမီးတစ်ဦးပုံ အပါအ၀င် လူအုပ်စုတစ်စုပုံကို ၁၈၆၀ နှစ်များက ထုတ်ဝေသည့် ဒေါ်လာများတွင် ပုံနှိပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသူများမှာ ဂျိမ်းစ်တောင်းမြို့တွင် ဥရောပမှ အခြေချလာသော ကိုလိုနီခေတ်ရွှေ့ပြောင်းအခြေချမှုများကို ဆက်စပ်သူများ ဖြစ်သည်ဆိုသည်။

ကန်ဘဏ္ဍာရေးဝန်ကြီး ဂျတ်ကော့ဘ်လူးက ယခု ၁၀ ဒေါ်လာတန်ပေါ်တွင် ပုံနှိပ်မည့် အမျိုးသမီးရုပ်ပုံကို ပြည်သူလူထုသို့ချပြကာ ဒီမိုကရေစီစနစ်ကို အကောင်းဆုံးကိုယ်စားပြုနိုင်သည့် အရည်အသွေးများ ပါဝင်သူကို ရွေးချယ်စေမည်ဆိုထားသည်။ အကောင်းဆုံးရွေးချယ်နိုင်သူကို ယခုနှစ်ကုန်တွင် ဆုချီးမြှင့်သွား မည်ဟုလည်း ဘဏ္ဍာရေးဌာနက ဆိုထားသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ