Wednesday, June 17, 2015

သမိုင်းဝင်နေရာများတွင် အမှတ်တရ စာသားရေးသားသူများကို အရေးယူမည်

ရှေးဟောင်းသမိုင်းဝင်နေရာများသို့ ရောက်ရှိကြောင်း မင်ဖျက်ဆေးများဖြင့် အမှတ်တရရေးထိုးသူများကို အရေးယူတော့ မည်ဖြစ်ကြောင်း ယဉ်ကျေးမှုအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သတင်းရရှိ သည်။

ဇွန်လ ၁၅ ရက်တွင် မန္တလေးအမျိုးသားကဇာတ်ရုံ၌ ရှေးဟောင်းကျောက်နံရံဆေးရေးပန်းချီများနှင့် ပတ်သက၍ သတင်းထုတ်ပြန်ပွဲပြုလုပ်ခဲ့စဉ် တက်ရောက်လာသူ မန္တလေးတက္ကသိုလ်မှ ကထိကဆရာမ တစ်ဦးက မင်ဖျက်ဆေးများဖြင့် အမှတ်တရ ရောက်ရှိကြောင်း ရေးထိုးမှုများကို တားဆီးရန်အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ယဉ်ကျေးမှုအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ယင်းသို့ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

‘‘အမှတ်တရ ရေးထိုးတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာနောက်ပိုင်းမှာ ထိခိုက်လာနိုင် တဲ့အတွက် အရေးယူမှု လုပ်တာပါ’’ဟု ၎င်းကပြောသည်။

မင်ဖျက်ဆေးများဖြင့် အမှတ်တရရောက်ရှိကြောင်း လက်မှတ်ရေးထိုးမှုများကို ပုဂံတွင် အများဆုံးတွေ့ရှိ နေရပြီး အခြားနေရာဒေသများ၌လည်း ဖြစ်ပေါ်နေကြောင်း၊ ယင်းသို့ရေးထိုးထားမှုများကို ဓာတုဆေးရည် များဖြင့် လိုက်ဖျက်နေရကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ပြဒါးလင်းဂူမှ ကျောက်နံရံဆေးရေးပန်းချီများသည်လည်း ကျပ်ခိုးများထူထပ်ခြင်း၊ မိုးရေစီးကြောင်းနှင့် ခရီးသွားများရေးမှတ်ခဲ့ခြင်းတို့ကြောင့် နံရံပန်းချီများ ပျောက်ပျက်လာကြောင်း ဦးကျော်ဦးလွင်ကပြော သည်။

ပထမအဆင့်အနေဖြင့် သတိပေးစာများ ထုတ်ပြန်ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက အရေးယူမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရှေးဟောင်းဒေသများသို့ အလည်အပတ်ရောက်ရှိကြောင်း အမှတ်တရရေးထိုးလိုသော ခရီးသွားများ အတွက် နေရာသတ်မှတ်ပေးရန် လိုအပ်နေကြောင်း မန္တလေးတက္ကသိုလ်မှ ကထိကဆရာမတစ်ဦးက အကြံပြုပြောကြားသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ