တိုင်းရင်းဆေးဆရာမ တစ်ယောက်စီက ရထားတဲ့နည်းပါ။ကျွန်မတို့ ဗမာတွေကို ရှားစောင်းလက်ပတ် ကောင်းကြောင်း အထူးပြောနေဖို့ မလိုပါ။ တော်တော်များများ သိပြီးသားဖြစ်ပါလိမ့်မယ်။ ရှားစောင်းလက်ပတ်ဟာ အူမကြီးကိုသန့်စင်ပေးရာမှာ အလွန်အစွမ်းထက်တယ် လို့ ဆိုပါတယ်။ ချက်ဆေးလို့ ခေါ်တဲ့ ရှားစောင်းလက်ပတ်ယိုကို စားခြင်းအားဖြင့် ဆီး၊ ဝမ်း၊ လေ မှန်ပြီး အသားအရေ စိုပြေလာပါလိမ့်မယ်။
ပါဝင်သည့် ပစ္စည်းများ
ရှားစောင်းလက်ပတ်အနှစ် - ၁ ပိဿာ
ထညက် - ၄၀ သား
မန်ကျည်းမှည့် - ၁၀ သား
နှမ်းဆီ - ၂၅ ကျပ်သား
ထောပတ် - ၁၀ သား
ပျားရည် - ၁၀ သား
စမုံမျိုး၅ပါး - ထမင်းစားဇွန်း ၁ ဇွန်း
ရှားစောင်းလက်ပတ်ကို အနှစ်နဲ့ဘဲချက်ရင် ဂျယ်လီလေးလို ဖြစ်သွားတယ်။ ရောင်းတမ်းအတွက်ဆိုရင်တော့ အနှစ်နဲ့ဘဲချက်ရင် မကိုက်တဲ့အတွက် အခွံပါ ထည့်ချက်ကြပါတယ်။
ချက်နည်း
ရှားစောင်းလက်ပတ်ရဲ့ ဘေးနှစ်ဘက်က ဆူးတွေကို အရင်ဓားလေးနဲ့ ဖြတ်ရမယ်။ ပြီးရင် တစ်ရက်လောက် ထောင်ထားပြီး ထွက်လာတဲ့ အဝါရည်တွေကို ဖယ်ပစ်ရမယ် (အဲဒီ အဝါရည်တွေက ဝမ်းလျှောတတ်ပါ တယ်)။ ပြီးရင် အခွံတခြမ်းကို ဓားနဲ့လှီးဖယ်ပြီး အနှစ်ကို ဇွန်း (သို့) ဓားနဲ့ ခြစ်ချပါ။ ပြီးရင် အဲဒီအနှစ်တွေကို အရည်ကျိုရမယ်။ အရည်တွေအများကြီးထွက်လာမှာဖြစ်ပြီး အဲဒီအရည် တဝက်လောက်ဘဲ ကျန်သည်အထိ အချိန်အတော်ကြာ ကျိုရပါမယ်။
ထန်လျှက်ကိုလည်း သတ်သတ်အရည်ကျိုရမယ်။ ထန်းလျှက်ကျိုရင် ရေမထည့်ဘဲ ခုနက ရှားစောင် လက်ပတ်ကထွက်လာတဲ့ အရည်ကိုထည့်ပြီးကျိုပေးပါ ။ နို့မို့ အရည်တွေအများကြီးကို ခမ်းအောင် အကြာ ကြီးစောင့်ရလို့ပါ။ ထန်လျှက်ရည်မှာပါလာတဲ့ အနယ်တွေကို ကော်ဖီဇစ်နဲ့ စစ်ရမယ်။
ပြီးရင် ခုနက ရှားစောင်းလက်ပတ်ထဲကို ထန်လျှက်ရည်တွေထည့်ပြီး ဆက်ကျိုရမယ်။
နည်းနည်းနေရင် နှမ်းဆီလေးစထည့်ပြီး မွှေပါ။
မန်ကျည်းမှည့်ကိုလည်း ရှားစောင်းလက်ပတ်ရည်လေးနဲ့ အရည်ဖျော်၊ ကော်ဖီဇစ်နဲ့စစ်၊ ပြီးရင် ခုနက ကြိုနေ တဲ့ထဲထည့်။ ဆက်မွှေ ရပါမယ်။
ရေခမ်းစပြုလာရင် ပျားရည်ထည့်။ ထောပတ်ထည့်ပြီး ဆက်မွှေပါ။ အဲဒါတွေက အိုးမကပ်အောင် လုပ်ပေးပါ တယ်။
စမုံမျိုးငါးပါးကိုလည်း ထောင်းထည့်ပြီး ဆက်မွှေပါ။ မီးမပြင်းပါစေနဲ့ အိုးကပ်မှာစိုးလို့ပါ။ ရေကျန်ရင် မှိုတက် တတ်တဲ့အတွက် ရေခမ်းသည်ထိ မွှေပေးပါ။
ဂျယ်လီလေးလို အထူးပင် စားကောင်းပါတယ်။
credit to; Aye chan Mon
No comments:
Post a Comment