လာမည့် စနေနေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဂျူဗင်တပ်အတွက်သာမက ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပါ ဘာစီလိုနာအသင်းကို အနိုင်ယူရန် ကြိုးစားသွားမည်ဟု ဂျူဗင်တပ်တိုက်စစ်မှူး မိုရက်တာက ပြောသည်။
စပိန်လက်ရွေးစင် မိုရက်တာသည် ပြီးခဲ့သည့်နွေရာသီက ဂျူဗင်တပ်သို့ ယူရိုသန်း ၂၀ ဖြင့် ပြောင်းရွှေ့ မလာမီ မေလက ရီး ရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့သည်။
ယခုနှစ်ရာသီအတွင်း ချန်ပီ ယံလိဂ် အကြိုဗိုလ်လုပွဲတွင် ဂျူ ဗင်တပ်က ရီးရဲလ်ကို နှစ်ကျော့ ပေါင်း ၃-၂ ဂိုး ရလဒ်ဖြင့် အနိုင်ယူခဲ့စဉ် မိုရက်တာကအသင်း ဟောင်းဘက်သို့ အဆုံးအဖြတ် ဂိုး သွင်းယူပေးခဲ့သည်။
ရီးရဲလ်ပရိသတ်များအတွက် အဓိပ္ပာယ်ရှိသောကြောင့် ဘာစီလိုနာကို အနိုင်ယူရန် မိမိကြိုး စားသွားမည်ဟု ၎င်းက ပြော သည်။
မက်ဆီကိုတားဆီးရန် အလွန်ခက်ခဲသော်လည်း အမြဲတမ်း ဒဏ်ခတ်နိုင်သည့် ဆွာရက်ဇ်နှင့် နေမာတို့လည်း ရှိနေသဖြင့် မက်ဆီတစ်ဦးကိုသာ အာရုံစိုက်နေပါက ကျန်နှစ်ဦးကြောင့် ဒုက္ခရောက်သွားနိုင်သည်ဟု မိုရက် တာက ပြောသည်။
ဘာကာသည် တိုက်စစ်သာ ကောင်းသော အသင်းမဟုတ်ဘဲ ခံစစ်ပိုင်းတွင်လည်း ထိပ်တန်း အဆင့်ရှိကြောင်း ၎င်းက ထပ် လောင်းပြောသည်။
No comments:
Post a Comment