Sunday, June 21, 2015

အမျိုးဘာသာသာသနာအတွက် အားကိုးထိုက်သည့် အမတ်လောင်းကို ပါတီ၊ ပုဂ္ဂိုလ်စွဲမထားဘဲ ရွေးချယ်ရန် မဘသထုတ်ပြန်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မကြည့်ဘဲ အမျိုးသားလုံခြုံရေးကို အဓိကထားပြင်ဆင်ကြရန်နှင့် ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အမျိုးဘာသာသာသနာအတွက် အားကိုးထိုက်သည့်အမတ်လောင်းများကို ပါတီ၊ ပုဂ္ဂိုလ်စွဲမ ထားဘဲ ရွေးချယ်တင်မြှောက်ကြရန် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဗဟိုညီလာခံ တွင်သဘောထားထုတ်ပြန် ခဲ့သည်။

မဘသ(ဗဟို) ၂နှစ်ပြည့်နှစ်ပတ်လည်ညီလာခံကို ဇွန်လ ၂၀ မှ ၂၁ရက်အထိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရဟန်း၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေးအသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်စုစုပေါင်းအင်အား ခြောက် ထောင်ကျော်တက်ရောက်ခဲ့သော မဘသ(ဗဟို)ညီ လာခံအပြီးတွင် အထက်ပါအချက်အပါအ၀င် အချက် ၁၂ ချက်ပါဝင်သည့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးကြီးဆုံးဖြစ်သည့် ၂၀၁၅အထွေထွေ ရွေးကောက်ပွဲ ကို လွတ်လပ်မျှတ၍ တိကျမှန်ကန်စွာကျင်းပပေးရန်အတွက်လည်း မဘသ(ဗဟို)ညီလာခံက တိုက်တွန်း ထားသည်။

ညီလာခံသဘောထားထုတ်ပြန်ချက်တွင် အင်တာနက်စာမျက်နှာများ၌ အမျိုးသားရေးလက္ခဏာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုပုံရိပ်ကို ထိခိုက်စေသော ညစ်ညမ်းပုံ၊ စာများအသုံးပြု၍ သံဃာတော်အရှင်မြတ် များ၊ နိုင်ငံတော်သမ္မတ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား စော်ကားနေ မှုများကို လုံးဝရပ်တန့်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် မဘသ(ဗဟို)ညီလာခံ၏ သဘောထားထုတ်ပြန် ချက်တွင်မူ အမျိုးဘာသာသာသ နာစောင့်ရှောက်ရေး အဖွဲ့သည် အထွေထွေရွေးကောက်ပွဲ၌ မည် သည့်ပါတီကို မဲပေးပါဟုလည်းကောင်း၊ မည်သည့်ပါတီကို မဲမပေးပါနှင့်ဟုလည်းကောင်း၊ ပါတီတစ်ခုခုကို ရည်ညွှန်း၍ ဝေဖန်အကြံပြုမည်မဟုတ်ဘဲ ပါတီအားလုံးနှင့် သက်ဆိုင်သည့်အခြေခံမူဝါဒကိုသာ ဓမ္မဓိဋ္ဌာန်ကျကျဝေဖန် အကြံပြုတင်ပြမည်ဖြစ် ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် လှေစီးဒုက္ခသည် ဘင်္ဂါလီအရေးကိုင်တွယ်ရာတွင် အစိုးရအနေဖြင့် မည်သည့်နိုင်ငံတကာဖိအား ကိုမှ ဂရုမစိုက်ရန်၊ မျိုးစောင့်ဥပဒေများ အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်ပေးရန်တိုက်တွန်းကြောင်း မဘသ(ဗဟို)ညီလာခံ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မဘသ(ဗဟို) ညီလာခံကို ၂၀၁၃က ပထမအကြိမ်အဖြစ်အောင်ဆန်းတပ်ဦးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

မည်သူက ဖြန့်သည်မသိဟုဆို သောလက်ကမ်းစာစောင်

ထို့အပြင် ညီလာခံဒုတိယ နေ့ဖြစ်သည့် ဇွန်လ ၂၁ရက် တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်နှင့်၎င်း၏ ပါတီကို ရည်ရွယ်၍ အမျိုးသားရေးကို အလေးအနက်ထား ဆောင်ရွက်ခြင်း မရှိသူများအားမဲမထည့်ကြရန် ရေးသား ဖော်ပြချက်များပါဝင်သည့် လက်ကမ်းစာစောင်တစ်ခုကို ဝေငှခဲ့ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မဘသအမည်ရှိဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါ လက်ကမ်းစာစောင်ကို မဘသ(ဗဟို)က ဖြန့်ဝေမှု မရှိ ကြောင်း ငြင်းဆိုသည်။

‘‘ကျွန်တော်တို့ လုပ်တာမဟုတ်ပါဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဝေကြတာပါ။ ဒါကို အသိအမှတ်မပြုဘူးဆိုပြီး တရားဝင်တားဆီးခဲ့ပါတယ်’’ ဟု မဘသဗဟိုအလုပ်အမှုဆောင်နှင့်ဥပဒေအကြံပေး ဦးအေးပိုင်က 7DayDaily ၏ မေးမြန်းမှုအားဖြေကြားသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သူ့ပါတီတစ်ရပ်လုံးက ၀ံသာနုရက္ခိတ တရားကို အားပေးထောက်ကူသည့် မျိုးစောင့်ဥပဒေများအား တစိုက်မတ်မတ်ကန့်ကွက်ခဲ့ကြောင်း၊ ပြည်သူ များသိရှိထားရန် ယခုအချိန်တွင် လူမျိုးနှင့် ဘာသာ၊ သာသနာအတွက် ယုံကြည်စိတ်ချ၍ မရသော အမျိုးသားရေးကို သွေဖည်ဆန့်ကျင်သောအဖွဲ့ကြီးသည် အမျိုးသားရေးကို အလေးအနက်ထား ပြောဆိုခြင်း မရှိဘဲ တိုင်းပြည်ဆင်းရဲနွမ်းပါးမှုစသည့်အကြောင်းအရာများကိုသာဖော်ပြပြီး ပါတီဆိုင်းဘုတ်၌ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းပုံကို ပူးတွဲထည့်သွင်း၍ အမှုမဲ့အမှတ်မဲ့အေးဆေးစွာနေသူပြည်သူ အများစုကို မဲဆွယ်စည်းရုံးနေကြောင်း စသည့် ရေးသားမှုများပါဝင်သည်။

ထို့အပြင် ‘‘ယင်းပါတီကြီး၏ ခေါင်းဆောင်မှာ ဗိုလ်ချုပ်သမီး ဖြစ်သည်’’ ဆိုသည့် တစ်ချက်တည်းဖြင့် ထောက်ခံရွေးချယ်မည်ဆိုပါက တိုင်းပြည်နှင့်ဘာသာသာသနာတွင် မမျှော်လင့်နိုင်သော အန္တရာယ်များ ကျရောက်လာနိုင်ကြောင်းနှင့် ပြည်သူများ သတိဆင်ခြင်နိုင်ရန် မဘသအဖွဲ့ဝင်ဆရာတော်များအနေဖြင့် တရားဟောပြောပွဲများတွင် ထည့်သွင်း ဟောပြောရန်အချက်အချို့ကို လည်းဖော်ပြထားသည်။

7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ