ဘလတ္တာ၏နေရာတွင် အစားထိုးခန့်အပ်မည့် ဖီဖာဥက္ကဋ္ဌရာထူးအတွက် ရွေးချယ်ခံရန် အာဂျင်တီးနာဂန္ထ၀င် ဘောလုံးသမားကြီး မာရာဒိုနာက ဆုံးဖြတ်ထားသည်ဟု ပြောကြောင်း ဥရုဂွေးသတင်းထောက်စာရေးဆရာ ဗစ်တာဟူဂိုမိုရေးစ်က ပြောသည်။
မာရာဒိုနာ၏ ဖခင်ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ၎င်းထံသို့ ဆက်သွယ် သည့်အချိန် တွင် မာရာဒိုနာက ရည်ရွယ်ချက်ကို ပြောပြခဲ့ခြင်းဖြစ်သည်ဟု မိုရေးစ်က ဆိုသည်။
အာဂျင်တီးနားအသင်း နည်းပြဟောင်း မာရာဒိုနာသည် ဖီဖာ၏ လာမည့်ဥက္ကဋ္ဌ ဖြစ်လာနိုင်ကြောင်း ဗင်နီဇွဲလား သမ္မတ မာဒူရိုက ယခုလအတွင်း အဆိုပြုထားသည်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟောင်း မာရာဒိုနာ (၅၄) နှစ်သည် ဘလတ္တာကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူဖြစ်သည်။
ဘလတ္တာက ရာထူးမှနုတ်ထွက်တော့မည်ဟု ကြေညာရန် ဖြစ်လာစေခဲ့သော ဖီဖာ၏အကျင့်ပျက်ခြစားမှု သတင်းဆိုးထွက်ပေါ်လာခြင်းကြောင့် သဘောကျမိကြောင်း မာရာဒိုနာက ယခုလအတွင်း ပြောကြားခဲ့ သည်။
ဘရာဇီးဘောလုံး အကျော်အမော် ဇစ်ကိုကဲ့သို့ပင် ဖီဖာဥက္ကဋ္ဌနေရာ ၀င်ပြိုင်မည်ဆိုသော မာရာဒိုနာသည် ယင်းရာထူးအတွက် ရွေးချယ်ခံမည့်သူအဖြစ် နိုင်ငံပေါင်းငါးနိုင်ငံ၏ ဘောလုံးအဖွဲ့ချုပ်များမှ ထောက်ခံမှုရ ရန် ခက်ခက်ခဲခဲ ကြိုးစားရနိုင်သည်။
7Day Daily
No comments:
Post a Comment