ယနေ့ ဇွန် ၉ ရက် မွန်းလွဲပိုင်းတွင် ကန်ဒေါ်လာလဲနှုန်းမှာ ကျပ် ၁,၂၂၀ အထိဖြစ်လာသည်။ယနေ့နံနက်ပိုင်း က ၁,၂၀၂ ကျပ်သာရှိရမှာ နာရီပိုင်းအတွင်း ၁၈ ကျပ်မြင့်တက်သွားခြင်းဖြစ်သည်။
ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်က ၀င်ထိန်းရန်ကြိုးစားနေသော်လည်း ယခုအစိုးရလက်ထက် ပထမဆုံး အကြိမ်အဖြစ် တစ်ရက်အတွင်း ယင်းကဲ့သို့ခုန်တက်မှုမျိုးကို တွေ့ရခြင်းဖြစ်ကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။
"ရောင်းသူနဲ့ဝယ်သူရှုပ်ပြီးဈေးဆွဲတင်သလိုဖြစ်နေတယ်။ ကိုယ်လိုရာဈေးဆွဲတင်တဲ့ သဘောမျိုးပေါ့" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဇွန် ၈ ရက် ညနေပိုင်းက ကန်ဒေါ်လာတစ်ဒေါ်လာတန်ဖိုးမှာ ၁,၁၉၇ ကျပ်သာရှိခဲ့သည်။
7Day Daily
No comments:
Post a Comment