အက်သလက်တီကို မက်ဒရစ်သည် ဗီလာရီးရဲလ်မှ အာဂျင်တီးနားတိုက်စစ်မှူး လူစီယာနိုဗီယက်တိုကို ယူရို သန်း ၂၀ဖြင့် ခေါ်ယူလိုက်သည်။
ဗီလာရီးရဲလ်ဥက္ကဌ ဖာနန်ဒိုရိုအစ်က ၎င်းတို့သည် ဗီယက်တိုကို အက်သလက်တီကိုသို့ ရောင်းချခဲ့ကြောင်း အတည်ပြုသည်။ ဗီယက်တို (၂၁) နှစ်သည် ဆီမြွန်နီအာဂျင်တီးနားမှ ရေးဇင်းကလပ်ကို ကိုင်တွယ်စဉ်က ပါဝင်ခဲ့ဖူးသည့် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ယမန်နှစ် နွေရာသီက ဗီလာရီးရဲလ်သို့ ရောက်လာခဲ့သူ ဖြစ်သည်။
၎င်းသည် ဗီလာရီးရဲလ်တွင် ပြီးခဲ့သည့်ရာသီက (၁၂) ဂိုးသွင်းခဲ့ပြီး အခြားဥရောပအသင်းကြီးများက စိတ်ဝင်စားနေသော်လည်း ဆရာဟောင်းရှိရာ အက်သလက်တီကိုသို့ ရောက်လာခြင်းဖြစ်သည်။
7Day Daily
No comments:
Post a Comment