Wednesday, June 10, 2015

ဖိလစ်ပိုင်တွင် ပြုလုပ်မည့် လူငယ်တွေ့ဆုံပွဲ တက်ရောက်ရန် မြန်မာလူငယ်လေးဦး ရွေးချယ်ခံရ

လာမည့်ဇူလိုင်လအတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်မည့် Hitachi Young Leaders Initiative (HYLI) ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်ရန် မြန်မာနိုင်ငံမှ ထူးချွန်လူငယ်လေးဦးအားရွေးချယ် လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ HYLI ဆွေးနွေးပွဲသို့ မြန်မာအပါအ၀င် အာရှနိုင်ငံရှစ်နိုင်ငံမှ လူငယ်များအပြင် ဒေသတွင်း နိုင်ငံများ မှ ထင်ရှားသည့် ခေါင်းဆောင်များတက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ယခုနှစ် ဆွေးနွေးပွဲတွင်သယ် ယူ ပို့ ဆောင်ရေးကဏ္ဍကို အဓိကအကြောင်းအရာအဖြစ် အမြင်ချင်းဖလှယ်ကြမည် ဖြစ်ကြောင်း Hitachi Asia Ltd. အထွေထွေမန်နေဂျာ Mr. Tsunehiro Takahashi က ပြောကြားသည်။

‘‘မြန်မာက ဒီနှစ်မှ ပထမဆုံး ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကနေ ကျောင်းသားလူငယ် လေး ဦးစီရွေးချယ်ထားပါ တယ်။ HYLI ဆွေးနွေးပွဲကနေ ရရှိလာတဲ့ အတွေ့အကြုံတွေ နဲ့ မိမိပတ်ဝန်းကျင်ကို အ ကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

ဇူလိုင် ၂၇ မှ ၃၀ ရက်အထိ ကျင်းပမည့် အဆိုပါဆွေးနွေးပွဲအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသူ။ သား ၅၀ ကျော်အနက် ဆန်ခါတင် လေးဦးကို ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်ကျောင်း သားဟောင်းများအဖွဲ့ (MAJA) ဥက္ကဋ္ဌ ဒေါက်တာစီစီရှိန်က ရှင်းပြသည်။

‘‘ဒီဆွေးနွေးပွဲအတွက် သ တင်းစာထဲကနေ ကြော်ငြာထည့် ခဲ့တယ်။ ပထမအဆင့်မှာ အာဆီ ယံအကြောင်း အင်္ဂလိပ်စာစီစာ ကုံးရေးခိုင်းတယ်။ ဆက်လက်ပြီး ဒုတိယအဆင့်နဲ့ နောက်ဆုံးအ ဆင့်ရွေးချယ်ပွဲတွေ လုပ်ခဲ့ တယ်။ မြန်မာကျောင်းသားတွေကတော့ အဆင့်မမီလို့ ကျန်ခဲ့တယ်’’ဟု ဒေါက်တာစီစီရှိန်က ပြောသည်။

HYLI ဆွေးနွေးပွဲတွင် တက် ရောက်ရန် ရွေးချယ်ခြင်းခံထားရ သည့် လူငယ်လေးဦးစလုံးမှာ ကျောင်းသူများ ဖြစ်ပြီး ဆေးတက္က သိုလ် (၂)၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်စီးပွား ရေးတက္ကသိုလ်များမှ ကျောင်းသူများဖြစ် ကြောင်း Hitachi Asia Ltd. က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ