ကသစ်ဖြူက ၀ိညာဉ်တွေကိုမြင်ရတဲ့ ကောင်မလေးတစ်ယောက်ပါ။ ၀ိညာဉ်တွေကို မြင်နေရတဲ့
အတွက် သူနေ့နေ့ညည အိပ်လို့မရဖြစ်နေပါတယ်။ အဲဒါကြောင့် သူ့ပုံစံက အမြဲတမ်းအိပ်ရေးပျက်သူ တစ်ယောက်လို ဖြစ်နေပြီး အလုပ်လည်း မမြဲပါဘူး။ အဲဒီလိုဖြစ်တာက သူငယ်ငယ်ကတည်းကဖြစ်တာတော့ မဟုတ်ပါဘူး။ သူတို့မိသားစုကားမှောက်တော့ သူတစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒါကြောင့် ဆေးရုံအရေးပေါ်ဌာနမှာ ဆေးကုသပြီး ဆင်းလာတဲ့အချိန်ကတည်းက အဲဒီလို ၀ိညာဉ်တွေကို မြင်ရတဲ့သူ တစ်ယောက် ဖြစ်လာခဲ့တာပါ။
အတွက် သူနေ့နေ့ညည အိပ်လို့မရဖြစ်နေပါတယ်။ အဲဒါကြောင့် သူ့ပုံစံက အမြဲတမ်းအိပ်ရေးပျက်သူ တစ်ယောက်လို ဖြစ်နေပြီး အလုပ်လည်း မမြဲပါဘူး။ အဲဒီလိုဖြစ်တာက သူငယ်ငယ်ကတည်းကဖြစ်တာတော့ မဟုတ်ပါဘူး။ သူတို့မိသားစုကားမှောက်တော့ သူတစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒါကြောင့် ဆေးရုံအရေးပေါ်ဌာနမှာ ဆေးကုသပြီး ဆင်းလာတဲ့အချိန်ကတည်းက အဲဒီလို ၀ိညာဉ်တွေကို မြင်ရတဲ့သူ တစ်ယောက် ဖြစ်လာခဲ့တာပါ။
ကသစ်ဖြူက ၀ိညာဉ်တွေကို မြင်ရတာကြောင့် အမြဲတမ်းမလွတ်မလပ် ဖြစ်နေပါတယ်။ နောက်ပြီး ၀ိညာဉ်တွေအကူအညီ တောင်းတဲ့အခါတိုင်းလည်း မျက်နှာလွှဲခဲပစ်မလုပ်နိုင်ဘဲ အမြဲကူညီပေးတတ် ပါတယ်။ တစ်ရက်မှာ သေသွားတဲ့ အဘွားကြီးတစ်ယောက်က သူ့ကိုအကူအညီလာတောင်းပါတယ်။ ၀ိညာဉ်တွေ အနှောင့်အယှက်ခံနေရလို့ မကူညီချင်ပေမယ့် နောက်ဆုံးမှာတော့ အဘွားကြီးကို သနားပြီး ကူညီပေးလိုက်ပါတယ်။ အဘွားကြီးက သူ့ရဲ့ ရတနာပစ္စည်းတွေကို ၀ှက်ထားခဲ့တာကြောင့် မကျွတ်မလွတ် တဲ့ ဘ၀ကိုရောက်နေတာပါ။ အဲဒါကြောင့် ကသစ်ဖြူက အဲဒီအိမ်ကိုသွားပြီး ရတနာပစ္စည်းတွေ ရှာပေးခဲ့ပါတယ်။ စစချင်း အဲဒီအဘွားကြီးရဲ့ မိသားစုက အထင်လွဲခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကသစ်ဖြူ ကို နားလည်သွားခဲ့ပါတယ်။
မင်းနေက လူငယ်တစ်ယောက်ဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပါ။ သူက အလုပ်နဲ့ပတ်သက် ရင် အရမ်းစည်းကမ်းကြီးပါတယ်။ ငွေစာရင်းတွေဆိုရင် တစ်ထောင်လောက်ကအစ ကွာဟမှုရှိရင် မကြိုက် ပါဘူး။ နောက်ပြီး သူက၀ိညာဉ်တို့၊ သရဲတို့ဆိုတာကိုလည်း လုံးဝအယုံအကြည်မရှိပါဘူး။ အဲဒီလိုနဲ့ မိုးတွေရွာနေတဲ့ ညတစ်ညမှာ သူတို့ကားကို ကောင်မလေးတစ်ယောက်က တားပါတယ်။ ဘာမှန်းမသိဘဲ ရပ်ပေးလိုက်တာကြောင့် အဲဒီကောင်မလေးက သူတို့ကားပေါ်ကို ရောက်လာခဲ့ပါတယ်။ မင်းနေက ဘယ်ကမှန်းမသိတဲ့ ကောင်မလေးကို ကားပေါ်က ဆင်းဖို့ပြောခဲ့ပေမယ့် ကားမောင်းတဲ့ မင်းနေရဲ့ လူယုံဦးလးကြီးက ကောင်မလေးတစ်ယောက်တည်း ဖြစ်တာကြောင့် လမ်းဆုံလောက်အထိ ခေါ်သွားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီလိုနဲ့ မင်းနေတို့ရဲ့ ရှော့ပင်းစင်တာကြီးမှာ လူလိုလို့ အလုပ်ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကသစ်ဖြူကလည်း အလုပ်ထွက်လာခဲ့ရပါတယ်။ အဲဒါကလည်း သူ့ဘေးမှာ အမြဲနေတဲ့ ၀ိညာဉ်တစ်ကောင်ကြောင့်ပါ။ သူ့သူငယ်ချင်းတစ်ယောက်ပြောပြတာကြောင့် မင်းနေတို့ရဲ့ ရှော့ပင်း စင်တာကြီးမှာ ကသစ်ဖြူအလုပ်လျှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ မင်းနေဆီမှာ ကသစ်ဖြူအလုပ်ရမှာလား။ ၀ိညာဉ်တွေရှိတယ်ဆိုတာကို မယုံကြည်တဲ့ မင်းနေနဲ့ ၀ိညာဉ်တွေကို မြင်နေရတဲ့ ကသစ်ဖြူတို့ ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ သစ္စာနှင်းဆီ ထုတ်လုပ်ရေးက ဖြန့်ချိပေးမည့် အခြားတစ်ဖက်၌ ဗီဒီယိုဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ မင်းနေအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ကသစ်ဖြူအဖြစ် ၀တ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင် ထားပြီး မင်းတခေတ်ရဲ့ ၀တ္ထုဇာတ်ညွှန်းကို ဒါရိုက်တာနေပိုင်က ရိုက်ကူးပုံဖော်ထားပါတယ်။
7Day Daily
No comments:
Post a Comment