Sunday, June 7, 2015

ပထမဆုံးတရားဝင် ဖော်ပြလိုက်တဲ့ တော်ဝင်မင်းသမီးလေး ရှားလော့တ်ရဲ့ဓာတ်ပုံများ

ဗြိတိန်တော်ဝင်မိသားစုသည် လသားအရွယ်သာရှိသေးသည့် တော်ဝင်မင်းသမီးလေးရှားလော့တ်၏ဓာတ်ပုံ များကို ဇွန်လ ၆ ရက်၌ ပထမဆုံးတရားဝင် ဖော်ပြလိုက်သည်။

မင်းသမီးလေးရှားလော့တ်အား အစ်ကိုဖြစ်သူ မင်းသားလေးဂျော့ခ်ျက ထွေးပိုက်ထား
ပုံများကို ၎င်းတို့၏ မိခင်ကိန်းဘရစ်ခ်ျမြို့စားကတော် ကိတ်မစ်ဒယ်တန်ကိုယ်တိုင် ဓာတ်ပုံရိုက်ပေးခဲ့ခြင်းဖြစ်သည်။ အင်္ဂလန် နိုင်ငံအရှေ့ပိုင်းရှိ Anmer Hall စံအိမ်၌ မေလ လယ်ခန့်က ရိုက်ကူးထားသည့် တော်ဝင်မောင်နှမနှစ်ဦး၏ ဓာတ်ပုံလေးပုံကို ကန်စင်တန်နန်း တော်၌ ဇွန်လ ၆ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

မင်းသမီးလေးရှားလော့တ်သည် မေလ ၂ ရက်တွင် တစ်လပြည့်ခဲ့ပြီး မင်းသားလေးဂျော့ခ်ျမှာ လာမည့် ဇူလိုင် ၂၂ ရက်တွင် အသက် (၂)နှစ်ပြည့်မည်ဖြစ် သည်။

ဗြိတိန်တော်ဝင်မိသားစုများကို ကမ္ဘာကျော်ဓာတ်ပုံသမားအချို့က ဓာတ်ပုံရိုက်ပေးလေ့ရှိ သော်လည်း တော်ဝင်မင်းသား ဝီလျံတို့ဇနီးမောင်နှံမှာ ပြီးခဲ့သည့် ၂ နှစ်ခန့်မှစ၍ ပေါ့ပေါ့ပါးပါး ဓာတ်ပုံရိုက်ကူးသည့် ဓလေ့ကို လက်ခံကျင့်သုံးလာခဲ့သည်။
7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ