ပြည်တွင်း၌ ငွေအတုများပေါ်လာလျှင် လုံခြုံရေးအကြောင်းပြကာ ငွေစက္ကူပုံစံသစ်ဖြင့်ထုတ်ဝေမှုမှာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် နှစ်ကြိမ်ခန့်ရှိပြီ ဖြစ်သည်။ ကျပ်ငါးထောင်တန်ငွေစက္ကူကို အတုပြုလုပ်မှု များ လာ၍ ၂၀၁၄ အောက်တိုဘာက လုံခြုံရေးတိုးမြှင့်ပြီး ဒီဇိုင်းအနည်းငယ်ပြောင်းကာ အသစ်ထုတ်ဝေခဲ့ သည်။ ယခုတစ်ကြိမ်တွင်လည်း ၂၀၁၂ ဇွန်လက ထုတ်ဝေခဲ့သော ကျပ်တစ်သောင်းတန်ငွေစက္ကူအတုပြု လုပ်မှုများလာ၍ အသစ်ထပ်မံထုတ်လုပ်ခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် ငွေစက္ကူထုတ်ဝေမှုသည် အရေးပါ သောလုပ်ငန်းတစ်ခုဖြစ်ပြီး ငွေစက္ကူအသစ်ကို ထုတ် ဝေမည်ဆိုပါ က နိုင်ငံစီးပွားရေးအခြေအနေနှင့် ငွေကြေးဖောင်းပွမှုကို စနစ်တကျတွက်ချက်ပြီးမှသာ အတု အပမပြုလုပ်နိုင်ရန်လုံခြုံရေးကို ဦးစားပေးပြီးထုတ်လုပ်ရသည်ဟု စီးပွားရေးပညာရှင်များကဆိုသည်။
မြန်မာနိုင်ငံတွင် ငွေစက္ကူအ သစ်ရိုက်နှိပ်မှုများ၌ ငွေစက္ကူ ပုံစံအရွယ်အစားနှင့် ရေရှည်အ သုံးခံနိုင်မှုတို့ကို သာထုတ်ပြန်ပြီး အချိန်မည်မျှအတွင်း ငွေစက္ကူအရေအတွက် မည်မျှထုတ်လုပ် မည်ဆိုသည့်အကြောင်း မပါ ၀င်ပေ။ ထို့ကြောင့် ငွေစက္ကူအသစ်ရိုက်ထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရက လုံခြုံရေးနှင့် အရည်အသွေးကို အ ကြောင်းပြထားသော်လည်း ပြည်သူအများက ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်နေကြသည်။ ထို့အပြင်ငွေ စက္ကူအတုများကို အဖမ်းပြပြီး လုံခြုံရေးအရ အကြောင်းပြကာ အသစ်ထုတ် လုပ်မှုသည် အစိုးရ၏ မရိုးသား သော နည်းလမ်းတစ်ခုဟု ပြည်သူ အများကပြောလာကြောင်း စီးပွား ရေးပညာရှင်ဦးလှမောင်က ဆို သည်။
ပြည်တွင်း၌ ငါးထောင်ကျပ် တန်အတုများစွာပေါ်ထွက်လာသ ကဲ့သို့ ၂၀၁၂ ဇွန်လမှ ထုတ်လုပ်သော ကျပ် တစ်သောင်းတန်များ ကိုလည်း ငွေတုများကြောင့်ဘဏ် များက ဖျက်ဆီးမှုများရှိနေသည်။ ကျပ်တစ်သောင်း တန် ငွေစက္ကူအတုသည် ၂၀၁၄နှစ်ကုန်ပိုင်းတွင် အတွေ့ရများလာကြောင်း ပုဂ္ဂလိ က ဘဏ်ဝန်ထမ်းအချို့ ထံမှသတင်းရရှိသည်။
‘‘ငွေစက္ကူအသစ်ရိုက်မယ်ဆိုရင် ပြည်တွင်းလှည့်လည်သုံးစွဲနေတဲ့ ငွေကြေးပမာဏရဲ့ သုံးရာခိုင်နှုန်းလောက် ပဲထပ်ရိုက်သင့် တယ်’’ဟု ဦးလှမောင်က ပြော သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ပြည်တွင်းသုံး ငွေ အသစ်ကို ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်းစသည့်ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှု များကြုံမှသာ ထပ်မံရိုက်နှိပ်ကြသည်။ အသစ်ထပ်မံထုတ်ဝေမည်ဆိုလျှင်လည်း မည်ရွေ့မည်မျှသာထုတ် လုပ် မည်ကို စနစ်တကျ သတ်မှတ်ပြီးမှ ထုတ်ဝေလေ့ရှိ သည်။
ငွေစက္ကူအသစ်ထပ်မံထုတ် လုပ်သော်လည်း ယခင်ထုတ်လုပ် ထားသည့် ငွေစက္ကူများကိုဆက်လက်သုံးစွဲ နေခြင်းနှင့် ပတ်သက်၍ ‘‘ငွေစက္ကူတွေက နှစ်မျိုးဖြစ်နေတော့ အတုအစစ်ပြဿနာကို ပြည်သူကြားမှာ သို့ လောသို့လောပြဿနာရှိနိုင်တယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြောကြားသည်။
ငွေစက္ကူအသစ် ရိုက်နှိပ် ထုတ်ဝေရာတွင် အသစ်ထုတ်ဝေ သည့် ပမာဏအတိုင်း ငွေစက္ကူအဟောင်းများ ကို ပြန်လည်ဖျက်ဆီး ရသည်ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ ဒုတိယမန်နေဂျင်းဒါရိုက် တာဦးကျော်စိုးမင်း ကဆိုသည်။ ဈေးကွက်အတွင်းမှ အဟောင်း များကို ပြန်လည်ဆွဲထုတ်ပြီး အသစ်များဖြည့်ပေးခြင်းဖြင့် ငွေ ဖောင်းပွလာမှုကို လျှော့ချနိုင်သည်။ လက်ရှိပြင်ပတွင် ငါးထောင်ကျပ်တန်၊ တစ်သောင်းကျပ်တန်ငွေအတုပြုလုပ်သူများ သည် အသစ်ထုတ်လုပ်သော ငွေစက္ကူများထက် ယခင်ထုတ်ဝေဖြန့်ထားသော ပုံစံအဟောင်း များကိုသာအတုပြုလုပ်ကြခြင်းဖြစ်သည်။ ငွေစက္ကူအဟောင်းများသည်လည်း အသစ်ထုတ်ဝေချိန်တွင် ဆက် လက်သုံးစွဲနေသဖြင့် ငါးထောင်ကျပ်တန်ဆိုပါက လက်ရှိအချိန်ထိ ပြည်တွင်း၌ငွေတု ထုတ်လုပ်သောစက် များနှင့်ငွေစက္ကူအတုများကို ဖမ်းဆီးရမိနေ သည်။
ငွေစက္ကူကို ဗဟိုဘဏ်က ထုတ်လုပ်ခြင်းဖြစ်၍ ငွေအတု ထိန်းချုပ်ရေး ဗဟိုဘဏ်ကသာ အဓိကဆောင်ရွက် ရန်လိုအပ် သည်ဟု နေပြည်တော်ငွေတုစစ် ဆေးရေးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောကြားသည်။
မြန်မာနိုင်ငံတွင် ငွေစက္ကူအတုပြုလုပ်ခြင်းမှာ အစိုးရကထုတ်လုပ်သော ငွေစက္ကူများသည်မူလက လုံခြုံရေး ထိန်းသိမ်းမှုအား နည်းခြင်းကြောင့်ဟု ဘဏ်လုပ်ငန်းပညာရှင်များကဆိုသည်။ လုံ ခြုံရေးအားနည်းချက် ကြောင့် အသစ်ပြန်လည်ရိုက်ထုတ်ချိန်တွင် တိုင်းပြည်စီးပွားရေးအခြေအနေကို ဂရုပြုရန်လိုအပ်သည်ဟုဆို သည်။
၂၀၁၅သည် ပြည်တွင်း၌ငွေကြေးဖောင်းပွမှုများပြီး ယင်းအခြေအနေကို မထိန်းနိုင်ပါက ငွေ ကြေးဖောင်းပွမှု ၁၀ရာခိုင်နှုန်း ကျော်လွန်မည်ကို ပညာရှင်များ က စိုးရိမ်နေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်ချေးငွေအမေရိကန်ဒေါ် လာ ၄ဒသမ ၂ ဘီလီယံရှိနေပြီး နိုင်ငံခြားချေးငွေ စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၉ဒသမ၂ဘီလီယံနီး ပါးရှိနေချိန်တွင် ငွေစက္ကူအသစ် များထပ်မံရိုက်နှိပ်မှု သည် ငွေကြေးဖောင်းပွမှုကို ဦးတည်နေ ကြောင်း စီးပွားရေးပညာရှင်များ ကသုံးသပ်ကြသည်။
ဗဟိုဘဏ်အနေဖြင့် လက်ရှိမြန်မာငွေတန်ဖိုးကျဆင်းနေပြီး ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု များနေချိန်တွင် ငွေစက္ကူအသစ် ထပ်မံရိုက်နှိပ်ထုတ်ဝေခြင်းမှာ ပြည်တွင်းငွေတန်ဖိုးထပ်မံကျဆင်းစေသည်ဟု ပြည်သူ့လွှတ် တော်ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်ဦးဖြိုးမင်းသိန်းကပြော သည်။
‘‘ဗဟိုဘဏ်အနေနဲ့ ပြည်သူ လူထုကိုပိုပြီးသတင်းအချက်အ လက်ပေးဖို့လိုတယ်။ လတ်တလောတော့ ငွေဖောင်းပွမှုရှိမှာပဲ။ ဗဟိုဘဏ်အနေနဲ့ဒါကိုဘယ်လို ထိန်းသိမ်းမလဲဆိုတာသတင်းပေး သင့်တယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိပြည်တွင်း၌ မြန်မာ ငွေတန်ဖိုးကျဆင်းနေပြီး သင်္ကြန် ပြီးနောက်ပိုင်းမှစ၍ ကုန်ဈေးနှုန်း များမြင့်တက် ခဲ့သည်။ မြန်မာငွေ တန်ဖိုးသည် ပြည်တွင်း၌အမေရိ ကန်ဒေါ်လာနှင့် ကုန်ဈေးနှုန်းကို ကြည့်၍ အဓိကတိုင်း တာကြ သည်။ လက်ရှိအမေရိကန်ဒေါ် လာတန်ဖိုးသည် မေ ၃၀တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၁၃၉ ကျပ် ထိဈေးရှိနေသည်။
‘‘ငွေသစ်ထုတ်တိုင်းတော့ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ဘူး။ လုံခြုံရေးအရထုတ်တာဖြစ်တော့ ငွေကြေးဖောင်း ပွမှုမရှိနိုင်ဘူး။ငွေ ကြေးဖောင်းပွမှုက ဈေးကစားလို့ ဖြစ်ရတာပါ’’ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောကြားသည်။
အမေရိကန်ဒေါ်လာကို လည်း အတုများမပြုလုပ်နိုင်ရန် လုံခြုံရေးတိုးမြှင့်ပြီး ယခင်နှစ်က အသစ်ထုတ်လုပ် ခဲ့သည်။အမေရိ ကန်ဒေါ်လာသည် ကမ္ဘာသုံးငွေ ကြေးဖြစ်ပြီး လက်ရှိအချိန်တွင် တစ်ရာတန်မှာ သုံးကြိမ်ခန့် ပုံစံ ပြောင်းလဲထုတ်လုပ်ခဲ့သည်။ ထို ကဲ့သို့ ပုံစံပြောင်းလဲထုတ်လုပ် သော်လည်း တန်ဖိုးမကျသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် ငွေစက္ကူအသစ် ထုတ်လုပ်မှုများမှာ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု ဆန်လုပ်ငန်းရှင် ဦးမျိုးသူ ရအေးက ၎င်း၏အမြင်ကို ပြောသည်။
မြန်မာနိုင်ငံတွင် ယခင်စစ် အစိုးရလက်ထက်၌ ဘတ်ဂျက်လို ငွေများလာပါက ဗဟိုဘဏ်ကိုငွေတိုက်စာချုပ် များထုတ်ရောင်းလေ့ရှိပြီး ဗဟိုဘဏ်ကလည်း စီးပွားရေးလုပ်သောဘဏ်များမဟုတ် သည့်အတွက်
အစိုးရ၏ ငွေကြေးရိုက်နှိပ်ထုတ်ဝေမှုသည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၀၀ဘီလီ ယံကျော်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ်တွင် ကျပ် ၆,၇၀၀ဘီလီယံကျော်၊ ၂၀၁၂-၁၃ဘဏ္ဍာနှစ်တွင် ကျပ် ၉,၀၀၀ဘီလီယံကျော်ရိုက် နှိပ်ခဲ့ကြောင်း ဆရာသန်းစိုး(ဘောဂဗေ ဒ)၏ဆောင်းပါးတွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့သည် ယခုနှစ်ဧပြီမှစတင်၍ ၀န်ထမ်းများကို လစာများတိုးမြှင့်ပေးခဲ့ရာ ဘတ်ဂျတ်လိုငွေများ နေ ချိန်တွင် အစိုးရအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်မည့်ဝန် ထမ်းလစာတိုးမြှင့်မှုသည်လိုငွေကို ထပ်များစေသည်။
အစိုးရ၏ အဓိက၀င်ငွေဖြစ် နေသော သဘာဝဓာတ်ငွေ့ဈေး ကျ၍ ၀င်ငွေလျော့နည်းလာခြင်း၊ နိုင်ငံခြား ဆက်သွယ်ရေးအော်ပ ရေတာများမှ ၀င်ငွေလျော့နည်း လာခြင်း၊ ကျောက်စိမ်းကျောက်မျက်မှ ၀င်ငွေလျော့ နည်းသွား ခြင်း၊ ပြည်ပသို့ သစ်အလုံးလိုက် ရောင်းချမှုကို ၂၀၁၄ဧပြီမှစ၍ ရပ် နားသဖြင့်အစိုးရ၀င်ငွေလျော့ နည်းခြင်း၊ ကုန်သွယ်မှုလိုငွေတစ် နှစ်ထက်တစ်နှစ်မြင့်တက်လာ ခြင်းကြောင့် အစိုးရ၏ ၂၀၁၅- ၁၆ဘဏ္ဍာ နှစ်ရှေ့ပြေးဘတ်ဂျက် လိုငွေမှာ ကျပ်ငွေ ၃၆၀၀ဘီဘီယံ (ဒေါ်လာ ၃ဒသမ ၆ ဘီလီယံခန့်) ရှိနေသည်။
ဘတ်ဂျက်လိုငွေများနေချိန်တွင် အခွန်စနစ်မှာလည်းအပြည့် အ၀မကောက်နိုင်သဖြင့် လုံခြုံရေးအကြောင်း ပြပြီး ပုံစံအသစ်ဖြင့် ငွေစက္ကူရိုက်နှိပ်မှုသည် အစိုးရ နောက်ဆုံးနှစ်အတွက်လိုငွေကို ရေတိုဖြေရှင်းနိုင်သော် လည်း ပြည်သူအများမှာ ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်ကို ခံစားရမည်ဖြစ်သည်။
7 day daily
No comments:
Post a Comment