Tuesday, June 16, 2015

သုံးနှစ်ကျော်မှထွက်လာတဲ့ ဒီဖြိုးရဲ့ ကန္တာရနှင်းဆီ

လွန်ခဲ့သည့်သုံးနှစ်ခန့် ကရိုက်ကူးထားသော ဒုတိယတစ်ကိုယ်တော်စီးရီး ‘ကန္တာရနှင်းဆီ’အမ်တီဗီမှာ အကြောင်းအမျိုးမျိုးကြောင့် မထွက်ရှိနိုင်ခဲ့သဖြင့် ယခု ၂၀၁၅ တွင်ထွက်ရှိနိုင်ရန် တစ်ခွေလုံးကို ပြန်လည် ဆန်းသစ်ရိုက်ကူးထားကြောင်း အဆိုတော်ဒီဖြိုးကပြောသည်။

‘‘ဒီကန္တာရနှင်းဆီအခွေ အမ်တီဗီကို ၂၀၁၂ ကတည်းကရိုက်ပြီးခဲ့တာပါ။ အဲဒီအချိန်ကပုံစံနဲ့ အခုက မတူတော့ တစ်ခွေလုံးနီးပါး ပုံစံပြောင်းပြီးပြန်ရိုက် ထားတယ်။တစ်ခွေလုံးကတော့ ကျွန်တော်ဆိုနေကျ အတိုင်းသီချင်းလေးတွေပါပဲ’’ဟု ဒီဖြိုးကပြောသည်။

အဆိုပါခွေတွင် တေးသီချင်းစုစုပေါင်း ၁၄ ပုဒ်ပါဝင်ပြီး ဒီဖြိုးတစ်ဦးတည်းက ၁၃ ပုဒ် သီဆိုထားပြီး အမ်တီဗီအတွက် ထပ်ထည့်ထားသည့်သီချင်းတစ်ပုဒ်ကို အဆိုတော်ဘေးဘီနှင့် တွဲဖက်သီဆိုထားကြောင်း သိရသည်။

စီးရီးထွက်ခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်၍ အချိန်ကာလအရ ခံစားချက်များကွာခြားကောင်း ကွာခြားသွား မည်ဖြစ်သော်လည်း အချိန်ပိုရရှိကာ ဖန်တီးမှုအသစ်များဖြင့် ပြုလုပ်ထားခြင်းကြောင့် ပရိသတ်များ ကြိုက်နှစ်သက်ရန်မျှော်လင့်ကြောင်း ဒီဖြိုးကပြော သည်။ အဆိုပါကန္တာရနှင်းဆီခွေ အမ်တီဗီသည် ဇွန်လ ၁၄ ရက် တွင် ထွက်ထားသည်။

အဆိုတော်ဒီဖြိုး၏ ‘ငါ ဝအောင်ငိုလိုက်မယ်’၊ ‘ဒီကောင် မလေးအတွက်’၊ ‘မင်းလေးသိဖို့’ သီချင်းများမှာ ပရိသတ်ကြိုက်နှစ် သက်အားပေးမှုရရှိထားသည့် သီချင်းများဖြစ်ကြသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ