၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်တွင် ဆူပူမှုဖြစ်အောင် လုပ်ကြံဖန်တီးခြင်းမပြုလုပ်ရန် လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။
တောင်ကြီးမြို့ မြို့တော်ခန်း မတွင် ဇွန်လ ၁၀ရက် နံနက်က သမ္မတဦးသိန်းစိန်နှင့်ဒေသခံပြည် သူလူထု တွေ့ဆုံပွဲ အခမ်းအနား၌ ၎င်းကအထက်ပါ
အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ရွေးကောက်ပွဲမတိုင်မီကာ လမှာ တိုင်းပြည် ဆူဆူပူပူဖြစ် အောင် မဖန်တီးဖို့လိုတယ်။ အရင်တုန်းကလည်း ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အချင်းချင်းသတ်တာဖြတ်တာတွေ ဖြစ်ခဲ့၊ ရှိခဲ့ဖူးတယ်’’ဟု ဦးသိန်းစိန်က ၎င်း၏အမှာစကားတွင်ပြောကြားသည်။
ယခင်အတိတ်ကာလကကဲ့သို့ ဆူပူမှုမျိုးမဖြစ်ပွားရန် ရွေးကောက်ပွဲကော်မရှင်၊အုပ်ချုပ်ရေးပိုင်းမှသာမက ပြည်သူလူထုနှင့် ပါတီများကပါ ၀ိုင်းဝန်းကူညီပေးကြရန်လိုအပ်ကြောင်းဦးသိန်းစိန်က ဆက်လက်ပြော သည်။
‘‘ရွေးကောက်ပွဲအောင်မြင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်တစ်ခုတည်း လုပ်နေလို့ လည်း မရပါဘူး’’ ဟု ၎င်းကပြောသည်။
ထို့အပြင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုသည်ကို တစ်ကမ္ဘာလုံးကမျက်စိ ဒေါက်ထောက်ကြည့်ရှုနေပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လွတ်လပ်ပြီးတရားမျှတရန် ကြိုးစားနေသည်ဟု သမ္မတဦးသိန်းစိန်ကပြောသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်(သို့မဟုတ်)နိုဝင်ဘာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောကြားထားသည်။
ဇွန်လ ၁၀ရက် ကတောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကြီးဒေသခံပြည်သူများတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့ရွာ၊ ရပ်ကွက်ဖွံ့ဖြိုးမှု အထောက်အကူပြုကော်မတီများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများအပါအ၀င်စုစုပေါင်း လူဦးရေငါးရာခန့် တက်ရောက်ခဲ့ ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်အဖြစ် ဇွန်လ ၉ရက်က သမ္မတဦးသိန်းစိန်သည် ညောင်ရွှေမြို့ နယ်ရှိ အင်းလေးကန်သို့ သွားရောက်ခဲ့ပြီး အင်းစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူ များနှင့် တွေ့ဆုံခဲ့သည်။ ယင်းနေ့ ညနေတွင် ကျောက်တစ်လုံးမြို့နယ်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီနှင့်လည်း တွေ့ဆုံခဲ့သည်။
7Day Daily
7Day Daily
No comments:
Post a Comment