Wednesday, June 17, 2015

ထိုင်းရောက် မြန်မာများကို အကာအကွယ်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ထိုင်းသံအမတ်လက်ခံ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာတိုင်းရင်းသူ အမျိုးသမီးတစ်ဦးကို ထိုင်းလူမျိုးခြောက်ဦးက မဖွယ်မရာပြုကျင့်ခဲ့သည့်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန် နှင့် ကျူးလွန်သူကို ထိုင်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုဆန္ဒပြပွဲကို ဇွန်လ ၁၆ရက်က ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း သံရုံးရှေ့တွင် ခွင့်မပြု၍ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြခဲ့သည်ဟု သာသနစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

"ခွင့်ပြုမိန့်ကို ဒဂုံရဲစခန်းကိုတင်တော့ တာဝန်မှူးက ကားလမ်းပိတ်ဆို့မှု အခက်အခဲရှိတယ်ဆိုပြီး လူမရှိ သူမရှိတဲ့ ကွင်းကို ခွင့်ပြုမိန့်ပေးတယ်" ဟု ဆရာတော်က မိန့်ကြားသည်။ ဆန္ဒပြပွဲတွင် ကြွေးကြော်သံအဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်စော်ကားနေမှုအား ချက်ချင်းရပ်၊ ထိုင်းအစိုးရ တာဝန်သိစွာ တရားခံများကို ဖော်ထုတ် အရေးယူပေးပါ၊ ထိုင်းနှင့်မြန်မာ အိမ်နီးချင်းကောင်းပီသပါ၊ အဓမ္မဝါဒီ (၆) ဦး ကိုအရေးယူဆောင်ရွက်ပေးရေး…. ဒို့အရေး၊ မြန်မာ အလုပ်သမားများအား ကူညီဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုပါသည်၊ လူသားမဆန် အဓမ္မမှုများ.... ထိုင်းအစိုးရ လျှစ်လျှုရူထားတော့မှာလားဟူ၍ ဗိုလ်စိန်မှန်ကွင်းအတွင်း ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့သည်။

ဆန္ဒထုတ်ဖော်သူများသည် နေ့လယ်၂ နာရီမှ ၃ နာရီအထိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒပြအပြီး ရန်ကုန် ထိုင်းသံရုံးသို့ ကားဖြင့် ချီတက်ကာ ဇွန် ၃ ရက်က ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်းရှိ ထိုင်းယူနီယံ စက်ရုံတွင် ဖြစ်ပွားခဲ့သည့် တိုင်းရင်းသူတစ်ဦး အဓမ္မကျင့်ခံရမှုကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှတစ်ဆင့် ထိုင်းအစိုးရအား အိတ်ဖွင့်ပေးစာ သွားရောက်ပေးခဲ့ရာ ထိုင်းသံအမတ် က လက်ခံထားလိုက်သည်ဟု ဆရာတော် ဦးပါမောက္ခက မိန့်သည်။

ဇွန် ၁၂ ရက်တွင် အဓ္ဓမပြုကျင့်ခံရသူ တိုင်းရင်းသူအမျိုးသမီးသည် ဆေးကုသမှုခံယူ၍ ဆေးရုံမှ ဆင်းလာခဲ့ ပြီး ဇွန် ၁၃ ရက်တွင် အဓ္ဓမပြုကျင့်သူ ၆ ဦးအနက် ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး ကျန်လေးဦးကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံရောက်ရှိနေသည့် နယ်လှည့်ဓမ္မကထိက မဘသဥက္ကဋ္ဌ ဦးဝေနိတာက ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရခြင်းကို ဆက်သွယ်၍ပြောသောကြောင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က သိရှိ၍ ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟုလည်း မိန့်သည်။

ဆန္ဒပြပွဲတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်အပါအဝင် လူငယ်အယောက် ၃၀ ခန့် ပါဝင်ခဲ့သည်။

Mizzima

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ