ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မေလ (၃၁)ရက် နံနက် (၃း၃၀) နာရီက ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်လာသည့် Eliteခရီးသည် ပို့ဆောင်ရေး ယာဉ်အမှတ် YGN (2G-7504)သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/၀) တံတားဦးမြို့အရှေ့ဘက် ဆုံကုန်းအ၀ိုင်း
လမ်းလယ်ကျွန်းအား ၀င်ရောက်တိုက်သဖြင့် (၅)ဦး သေဆုံးကာ (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Eliteခရီးသည်ပို့ဆောင်ရေး ယာဉ်ကို ယာဉ်မောင်း ကိုကျော်စိုး (အသက်- ၃၅)နှစ်မှ ရန်ကုန်- မန္တလေး - ပြင်ဦးလွင် ခရီးစဉ်မောင်းနှင်လာစဉ် ဆုံကုန်း အ၀ိုင်း လမ်းလယ်ကျွန်း အား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ မ(၄)ဦး၊ ကျား (၁)ဦးသေဆုံးခဲ့ပြီး ကျား(၁၀)ဦး မ(၅)ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများအား ပြုစုနိုင်ရေးအတွက် အနီးဆုံးဖြစ်သည့် တံတားဦးမြို့နယ် ဆေးရုံတွင် ရှေးဦးစွာ ကုသ ပြုစုလျှက်ပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကားပေါ်တွင် ခရီးသည် ကျား (၂၀)ဦး၊ မ(၁၅)ဦးပါရှိခဲ့ပြီး ယာဉ်မောင်း ကျော်စိုးအား ပ-၉/၂၀၁၅ ပြစ်မှုပုဒ်မ - ၃၃၇/၃၃၈/၃၀၄(က)အရ အမြန်လမ်းမကြီးရဲစခန်း (စကားအင်း)က တရားစွဲဆိုထားကြောင်း သိရှိရသည်။
oppositeyes
No comments:
Post a Comment