Monday, June 22, 2015

ကချင်တိုင်းရင်းသူတွေ သရဖူဆောင်းခဲ့တဲ့ Miss Golden Land Myanmar ပြိုင်ပွဲ

နိုင်ငံတကာပြိုင်ပွဲများ သို့ သွားရောက်ယှဉ်ပြိုင်ရန် MissGolden Land Myanmar 2015 ပြိုင်ပွဲမှ ရွေးချယ်သည့် အလှမယ်ငါးဦးတွင် ကချင်ပြည်နယ်မှ လာရောက်ယှဉ်ပြိုင်သူ အလှမယ်သုံးဦး သရဖူရရှိ
ခဲ့ သည်။

ယင်းပြိုင်ပွဲ၏ ဆန်ခါတင် အလှမယ်၃၁ ဦးစာရင်းတွင် ရန်ကုန်အပါအဝင် အခြားမြို့နယ်များမှ ပြိုင်ပွဲဝင် အလှမယ်များပါဝင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲငါးပွဲအတွက် အလှမယ်ငါးဦးရွေးချယ်ခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ လာရောက်ယှဉ်ပြိုင်သည့် အလှမယ်သုံးဦးက ဆုသုံးဆု သိမ်းပိုက်နိုင်ခဲ့သည်။

Miss ပြိုင်ပွဲများတစ်လျှောက် ကချင်တိုင်းရင်းသူ အများဆုံးသရဖူရခဲ့သည့် ပြိုင်ပွဲဖြစ်ပြီး လူမှုကွန်ရက် တွင်လည်း ကချင်လှပျိုဖြူများအတွက် ဂုဏ်ယူကြောင်း ရေးသားဂုဏ်ပြုခဲ့ကြ သည်။

ဆန်ခါတင်အလှမယ် ၃၁ ဦးမှ ဆန်ခါတင် ၁၆ ဦး၊ ၁၀ ဦး စသဖြင့် အဆင့်ဆင့်+ရွေးချယ်ခဲ့ပြီး Miss Tourism Myanmar 2015 ဆုကို ခါးနံပါတ်-၃၁ နန်းဆိုင် အင်း၊ Face of Beauty Myan-mar 2015 ဆုကို ခါးနံပါတ်-၂၉ ခြူးစစ်ဟန်၊ Miss Interconti-nental Myanmar 2015 ဆုကို ခါးနံပါတ်-၁၂ W မေရှင်းစိန်၊ Miss Earth Myanmar 2015 ဆုကို ခါးနံပါတ်-၂၃ အိမ့်မျက် ခြယ်နှင့် Miss Supranational Myanmar 2015 ဆုကို ခါးနံပါတ် - ၁ L ဘောက်နူးတို့က အသီးသီး ရရှိခဲ့ကြသည်။

‘‘အစကတည်းက ညီမဒီဆုကို လိုချင်တယ်ဆိုတာ ဖေ့စ်ဘွတ်ခ်ကနေပရိသတ်ကို ချပြထားတယ်။ အဲဒီ အတွက် ပရိသတ်တွေကလည်း ဒီဆုကို ညီမနဲ့လိုက်ဖက်တယ်လို့ ထင်မြင်လက်ခံပေးကြတယ်။ တကယ်လည်း ဒီဆုကို ညီမရခဲ့တဲ့အတွက် အရမ်းဝမ်း သာတယ်။ ဘုရားသခင်ကိုလည်း အရမ်းကျေးဇူးတင် တယ်’’ဟု Miss Supranational Myanmar 2015 ဆုရှင် L ဘောက်နူးက ပြောသည်။အဆိုပါပြိုင်ပွဲကို ဇွန်လ ၂၁ ရက်ညက မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ အနုပညာရှင်၊ အတတ်ပညာရှင်၂၁ ဦးက ဒိုင် များအဖြစ် ရွေးချယ်ပေးခဲ့ခြင်းဖြစ် သည်။

ပြိုင်ပွဲများ၏ထုံးစံအတိုင်း အားပေးသူများရှိသကဲ့သို့ ပွဲစတင်သည့်အချိန်ကတည်းက ဆုရရှိရန် ရေပန်းစားသူများချည်း ဆုရရှိခဲ့၍ကြိုတင်စာရင်းပေါက်နေသည် ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။

Miss Golden Land Myanmar အဖွဲ့အစည်းက ပြိုင်ပွဲတစ်ခုတည်းမှ အလှမယ်ငါးဦး ရွေးချယ်ခြင်းကို ၂၀၁၄ တွင် စတင် ပြုလုပ်ခဲ့ပြီး ယခုနှစ်သည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ