ပရဟိတလုပ်တယ်ဆိုတာစိတ်ချမ်းသာဖို့မဟုတ်ဘူး။လုပ်ရင်းနဲ့ပျော်သွားတာပရဟိတအလုပ်ကိုလုပ်လိုက်လို့ကိုယ်စိတ်ချမ်းသာသွားတာ။ပရဟိတအလုပ်ကစွဲတယ်။လုပ်ပြီးရင်းလုပ်ချင်တယ်။တစ်ခုခုလုပ်ပပြီးပြီဆိုရင်နောက်ထက်ဘာလုပ်ရမယ်ဆိုတာအမြဲစဉ်းစားတယ်၊ပြောရရင်တော့ပရဟိတအလုပ်လုပ်ရင်း အေးမြတ်သူ စိတ်ချမ်းသာတယ်။ စိတ်ညစ်မှုတွေကို ပြေလျော့စေတယ်။ ၀န်းကျင်သစ်ကိုသွားရတယ်။
ပရဟိတကတစ်နိုင်တစ်ပိုင်ပေါ့။နာမည်ကြီးဖို့မဟုတ်ဘူး၊ကိုယ့်ကြောင့်တစ်ဦးတစ်ယောက်ကောင်းစားသွားတာ။အဲဒီလိုမျိုးတွေတစ်နိုင်တစ်ပိုင်လေးလုပ်လို့ရပါတယ်။ ကြီးမှပရဟိတ မဟုတ် ဘူး။ကိုယ့်တစ်နိုင် တစ်ပိုင် လေးလှူတာလည်းကိုယ့်ရဲ့ပဂဟိတပါပဲ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလိုအပ်တဲ့လူကိုကူညီတာပေါ့။ အခုခောတ် လူငယ်တွေက ပရဟိတကိုပိုပြီးတော့ နားလည်လာကြတယ်။
ပိုပီးတော့လုပ်တယ်။ အေးမြတ်သူတို့ ၁၈ နှစ်မှာ ပရဟိတမလုပ်တတ်ဘူး။လုပ်ဖို့အသိတရား မရှိ ဘူး။ဒီဘတ်ခောတ်မှာ၁၆၊၁၇၊၁၈နှစ်ကလေးတွေပရဟိတလုပ်ဖို့အတွက်အသိတွေရှိနေကြတယ်။ဒါအေးမြတ်သူတို့ထက်ညဏ်ရည်မြင့်မားတယ်လို့ယူဆရတယ်။အဲဒီအတွက်အရမ်းကိုကြိုဆိုပါတယ်လို့ပြောချင်ပါတယ်။Celebrityဖြစ်နေတယ်။ပြည်သူချစ်တဲ့သရုပ်ဆောင်ဖြစ်နေတဲ့အတွက်ကိုယ့်ကိုသူကသဘောကျတယ်။ပရဟိတလုပ်တဲ့နေရာမှာပိုပြီးတော့အဆင်ပြောချောမွေ့တယ်။ထိရောက်မှုပိုမို မြန်ဆန်တာပေါ့” လို့ဆိုပါတယ်။

No comments:
Post a Comment