Sunday, September 13, 2015

ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားတွင် ယာဉ်တိုက်မှုဖြစ်ပွား

မရမ်းကုန်းမြို့နယ်ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားတွင်၄၅ ခရီးသည်တင်ဒိုင်နာ ယာဉ်သည် အရှိန်လွန် ကာတစ်ဖက်ယာဉ်ကြောမှမောင်းနှင်လာသည့်အငှားယာဉ်ကိုဝင်တိုက်ခဲ့သဖြင့်လူနှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းသတင်းရရှိသည်။

ယာဉ်တိုက်မှုကြောင့် အငှားယာဉ်သည်ခုံးကျော်တံတားလက်ရန်းပေါ်သို့ရောက်ရှိသွားပြီး ယာဉ်ပေါ် စီးနင်း လိုက်ပါလာသည့်ခရီးသည်အမျိုးသမီးနှင့်ယာဉ်မောင်းတို့ ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံတွင်အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်တက်ရောက်ကုသနေကြောင်း ဘုရင့်နောင်ရဲစခန်းမှတာဝန်ကျရဲအရာရှိကပြောသည်။

‘‘လိုင်းကားကအရှိန်များပြီးတစ်ဖက်ယာဉ်ကြောကမောင်းလာတဲ့အငှားယာဉ်ကိုဝင်တိုက်မိတာ။အရှိန်များ လား၊မများလာဘူးလားဆိုတာတော့အငှားကားတံတားလက်ရန်းပေါ်ကိုရောက်သွားတာကိုကြည့်ရင် သိမှာ ပါ။ အငှားယာဉ်ပေါ်ကလူတွေကိုတော့ အင်းစိန်ဆေးရုံပို့ထားတယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။

စက်တင်ဘာ ၁၃ ရက် နံနက်၎ နာရီကျော်တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ခရီးသည်တင် ယာဉ်မောင်း ထွက်ပြေးသွားခဲ့၍ ၎င်းကိုဖမ်းဆီးနိုင်ရန်လိုက်လံစုံစမ်းနေကြောင်းဘုရင့်နောင်ရဲစခန်းမှ ရဲအရာရှိက ပြော သည်။

‘‘ယာဉ်မောင်းကိုတော့ဘုရင့်နောင်ရဲစခန်းမှာအမှုဖွင့်ထားတယ်။ယာဉ်ထိန်းရဲအရာရှိတွေ လိုက်ရှာ နေတုန်းပါ။အခုအချိန်ထိတော့တိုက်ပြီးမောင်းပြေးတဲ့ယာဉ်မောင်းကျွန်တော်တို့ ဘုရင့်နောင်စခန်းကို မ ရောက်သေးပါဘူး’’ဟု အဆိုပါရဲအရာရှိကပြောသည်။

ယာဉ်တိုက်မှုကျူးလွန်ခဲ့သည့် ၄၅ ဒိုင်နာခရီးသည်တင်ယာဉ်မောင်းကို ဘုရင့်နောင်ရဲစခန်းကပြစ်မှုပုဒ်မ ၃၃၁၊ ၂၇၉၊ ၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်းအသစ်ဆောက်လုပ်ထားသည့် လှည်းတန်းခုံးကျော်တံတား၊မြေနီကုန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင်ခုံး ကျော်တံတားတို့တွင်ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများဖြစ်ပွားခဲ့ဖူးသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ