ဇနီးဖြစ်သူက သားဦးကလေးကို စက်တင်ဘာ ၂၃ ရက်တွင် ဝိတိုရိယဆေးရုံ၌ မွေးဖွားခဲ့ကြောင်းနှင့် သားဦးလေးပိုင်ဆိုင်ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း အဆိုတော်ဝေလက ပြောသည်။
‘‘အရမ်းဝမ်းသာနေတယ်။ ကိုယ့်ရှေ့မှာ ကိုယ့်ရဲ့ကိုယ်ပွားလေးတစ်ယောက် သေးသေးလေး ကိုယ့်ရှေ့မှာ ရှိနေတယ်။ အဲဒီ ကလေးလေးက ကိုယ်တစ်သက်လုံး စောင့်ရှောက်ရမယ့်ကလေးလေးဆိုတော့ အဲဒါလေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်’’ဟု ဖခင်တစ်ဦး၏ ခံစားမှုကို ပြောသည်။
ကလေးငယ်ကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ၅၇ မိနစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကိုယ်အလေးချိန်မှာ ၇ ပေါင် ၃ အောင်စရှိပြီး ကလေးရာ မိခင်ပါ ကျန်းမာကြောင်း ဝေလက ပြော သည်။ ‘‘ကိုယ်ဝန်စရှိကတည်းက ဒီ ကလေးလေးအတွက် ဘာတွေ လုပ်ပေးရမလဲဆိုတာကိုပဲ ကျွန်တော်တို့ နှစ်ယောက်တိုင်ပင်ဖြစ်တယ်။ နာမည်ကတော့ လောလောဆယ် စဉ်းစားတုန်းပဲရှိပါ တယ်’’ဟု ဝေလက ပြော
သည်။
သည်။
ကလေး၏ ဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာတွင်တင်ခဲ့ရာ ပရိသတ်များက ဝေလနှင့်တူသည် ဟု မှတ်ချက်ပြုထားကြသည်။
‘‘မွေးမွေးချင်းဆိုတော့ ဓာတ်ပုံရိုက်တာကို အဝေးကနေ Zoom ဆွဲပြီးရိုက်လိုက်တာ။ မျက်နှာကတော့ သိပ်မငြိမ်လောက်သေးပါဘူး။ လောလောဆယ် ပါးလေးဖောင်းနေတော့ ကျွန်တော်ကလည်း ပါးဖောင်းတော့ ကျွန်တော် နဲ့တူတယ်လို့တော့ ပြောကြတာပဲ။ သူ့အမေနဲ့ ပိုတူမှာပါ’’ဟု ၎င်း က ပြောသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် တတိယတစ်ကိုယ်တော်အခွေအတွက် သီချင်းများပြင်ဆင် နေသကဲ့သို့ ဖျော်ဖြေပွဲများ ဆက်တိုက်ဖျော်ဖြေရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။
‘‘တတိယအခွေမှာ တခြား တေးရေးတွေလည်းပါမယ်။ ရှိုးပွဲတွေလည်း တောက်လျှောက်ရှိ တယ်။ ရှေ့လ ၂၄ ရက်မှာ ရန်ကုန်ရော့ခ်ပွဲဆိုဖို့ရှိတယ်။ နောက်ပြီး နယ်ပွဲတွေလည်း တောက်လျှောက်ဆိုဖို့ရှိပါတယ်’’ ဟု ဝေလက ပြောသည်။
ဝေလသည် ၎င်း၏ ဒုတိယ စီးရီးဖြစ်သည့် မိတ်ကပ်မကြိုက် သောသီချင်းများ စီးရီး၏ ဒီဗီဒီကို မကြာမီက ဖြန့်ချိထားပြီး ပရိသတ် အားပေးမှုရရှိထားသည်။
No comments:
Post a Comment