လာမည့်ရွေး ကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲစာရင်း၌ အမည်ပါရှိရေး သည် အဓိကဖြစ်ပြီး အခြားအ ချက်အလက်များ မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။
စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ မဲစာရင်း ကပ်ထားမှုများကို သွားရောက်စစ်ဆေးရာတွင် ကော်မရှင်ဥက္ကဋ္ဌ က ပြည်သူများနှင့်တွေ့ဆုံခိုက် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တပ်မတော်သားများနှင့် တပ်မိသားစုများ ဆန္ဒမဲပေးရာတွင် အမှန်တကယ် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများသာ ကြိုတင်မဲပေးရမည်ဖြစ်ပြီ
း ကျန်တပ်မတော်သားများ၊ အိမ်ထောင်စုဝင်များ သည်မဲရုံသို့ကိုယ် တိုင်လာရောက်မဲပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
း ကျန်တပ်မတော်သားများ၊ အိမ်ထောင်စုဝင်များ သည်မဲရုံသို့ကိုယ် တိုင်လာရောက်မဲပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နောက်ဆုံးအကြိမ် ပြင်ဆင်ခွင့်ရမည့် မဲစာရင်း ကြေညာထားမှုအခြေအနေကို နေပြည်တော် ကောင်စီနယ်မြေအတွင်းသို့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် ကွင်းဆင်းကာ ပထမဆုံးအကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရီမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်များရှိ မဲစာရင်း ကပ်ထားသည့်နေရာများသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
‘‘မဲစာရင်းကပ်ထားတဲ့ အခြေအနေတွေ လာကြည့်တာပါ။ အထွေအထူးတော့မဟုတ်ပါဘူး’’ ဟု ဦးတင်အေးက ပြောသည်။
ကွန်ပျူတာစနစ်ဖြင့် အက္ခရာစဉ်အလိုက် ထုတ်ပြန်ထားသဖြင့် မဲဆန္ဒရှင်များ ကြည့်ရှုရာတွင် အခက်အခဲရှိ၊ မရှိ သိလို၍ လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
နောက်ဆုံးအကြိမ်ပြန်လည် ပြင်ဆင်ခွင့် ရရှိမည့် မဲစာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှုများရှိ နေဆဲဖြစ်ပြီး ရွေးကောက်ပွဲကော် မရှင်အပေါ်၌လည်း ဝေဖန်မှုများ ရှိနေသည်။
‘‘မဲစာရင်းမှာ နာမည်မပါတဲ့သူတွေ လာစစ်ဆေးဖို့ ရပ်ကွက်ထဲမှာလည်း ကြေညာတယ်။ အခုလို ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် မဲစာရင်း ကပ်ထားတဲ့အခြေအနေတွေကို လာကြည့်တာကောင်းပါတယ်။ မြေပြင်အခြေအနေတွေ သိရတာပေါ့’’ဟု ပျဉ်းမနားမြို့မှ ဒေသခံကိုဝေယံကပြောသည်။
လက်ရှိမဲစာရင်းတွင်အမည် မပါရှိပါက ထည့်သွင်းနိုင်ရန်နှင့် အမှားပြန်လည်ပြင်ဆင်နိုင်ရန် စက်တင်ဘာ ၂၇ ရက်အထိ ပြင် ဆင်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားသည်။
http://7daydaily.com
No comments:
Post a Comment