အာဏာစက်သိပ်ပြင်းပါလားကွယ်ရို့ဘယ်လိုအရေးယူမလည်းတော့မသိဘူး။ ပါတီဝင်ပြီး အမတ်မရွေးခံရ တဲ့ ဒေါ်ညိုညိုသင်းတို့ကတော့ အောင်နိုင်ရေးရုံးခန်းတောင်ဖွင့်နေပြီ ကျနော်တို့မြို့နယ် ကNLdအမတ်ကမလှုပ်သေးဘူး။ ပါတီက ထုတ်ခံလိုက်ရတဲ့ မြို့နယ်အလုပ်အမှုဆောင်ဟောင်းက တသီးပုဂ္ဂလိက အနေနဲ့ ပတ်ဆွယ်နေပြီ အရင်ကထဲကသည်လူကအားရှိတော့ အများစုကလည်း သူ့ဖက်ပါနေကြပြီ။ ကဲ------လွှတ်တော်ထဲရောက်သွားတဲ့ပြည်သူမကြိုက်တဲ့အမတ်ကို ပါတီက ဘယ်လိုအရေးယူမလဲ ပါတီကစည်းကမ်းကိုမလိုက်နာနိုင်ဘူး လွှတ်တော်ထဲရောက်မှထွက်တယ်ဗျာ တသီးပုဂ္ဂလလုပ်မယ်ဗျာ ဆိုတဲ့သူတွေကိုဘယ်လိုလုပ်မလည်း ပါတီကလည်းဖြုတ်ချမရ ပြည်သူကလည်းဖြုတ်ချမရ ၅နှစ်တာကာလသည် ဗြဟ္မာ့ကြီးဦးခေါင်း ကောင်းကောင်း မကောင်းကောင်း ထိုင်ကြည့်နေရမဲ့အပေါက်။
ကဲအခုလည်း ပါတီဝင်ကမထွက် တသီးပုဂ္ဂလိကအနေနဲ့လည်း စင်ပြိုင်တိုက်လာတဲ့ သည်အမတ်လောင်းတွေကို ဘယ်လိုအရေးယူမလည်းကြည့်ခြင်ပါတယ်ဗျာ။ နောင်ရိုးတိုက်ပွဲလို ဘုရင့်နောင်ဖောင်ဖျက်တိုက်ရမှာ ဖောင်မဖျက်ခင် ဖောင်ပျက်နေတာတော့မမြင်ခြင်ပါ။ ကျနော့အနေနဲ့ကတော့အစိုးရရယ် အတိုက်အခံရယ်ပါတီကြီးနှစ်ခု အပြိုင်အဆိုင်အပြန်အလှန် ထိန်းကျောင်းလို့ တိုင်းရင်းသားပါတီတွေတခြားအမျိုးသားရေးပါတီတွေက ဝန်းရံလို့ မြန်မာ့နိုင်ငံရေး အနာဂတ်လှပစေခြင်တာပါဗျာ။ ကျနော့မှာအစွဲမရှိပါဘူး။ တသီးပုဂ္ဂလိကအမတ်တွေအများစု လွှတ်တော်တွေထည်း ရောက်လာမဲ့နိုင်ငံရေးပုံစံဟာ ပရမ်းပတာနိုင်တယ်ထင်ပါတယ်။ ဒါကကျနော့အမြင်ပါ တသီးပုဂ္ဂလိကအရွေးခံမဲ့လူတွေ မတော်လို့မကောင်းလို့ မဟုတ်ပါဘူး။ အများစုကလူချွန်လူမွန်လူတော်လူကောင်းတွေပါ။ ဒါကြောင့်လည်း တယောက်ထဲ ထရင်ဆိုင်ရဲတာပေါ့။ ကျနော်အများကြီးသူတို့ကိုချီးကျူးပါတယ်။ လေးလည်းလေးစားပါတယ်။ သူတို့ကိုပါတီကြီးတွေရဲ့ တိုက်စစ်မှုးအဖြစ် ပုံဖော်ကြည့်မိတိုင်း သိပ်လှတဲ့ကစားကွက်တွေလည်းမြင်မိပါတယ်။ဒါပေမဲ့ ဖြစ်မလာ တာတော့ ဘယ်တတ်နိုင်မလည်းလေ။
တသီးပုဂ္ဂလိကအမတ်တွေက ကိုယ့်တိုင်းနဲ့ပြည်နယ် မြို့နယ်တွေမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို အနီးကပ်ဖြည့်စည်းပေးနိုင် တောင်းဆိုပေးနိုင်မှာတော့မလွဲပါဘူး။ဒါပေမဲ့မှုဝါဒတွေပြင်ဖို့ ဥပဒေတွေ ပြောင်းဖို့ကတော့ အမတ်အင်အားစုစည်းထားဖို့လိုပါတယ်။ တစ်ပွဲထိုးတစ်ခါ ရွေးကောက်ပွဲအတွက် တစ်ခါဘဲစဉ်းစားပြီး ရေရှည်မစဉ်းစားရင် ပါတီတွေရဲ့အနာဂတ်က မလှပနိုင်ပါဘူး။ဒါကြောင့် အားလုံးညီညီညွတ်ညွတ်နဲ့ အလျော့အတင်း အပြင်းအပျော့ညှိနှိုင်းတိုင်ပင်လို့ ချစ်ချစ်ခင်ခင် လေးလေးစားစား ဝါဒမတူတာတွေဘေးထားလို့ တိုင်းပြည်ကောင်းစားရေးကိုသာ ရှေ့ရှုသွားကြပါလို့ မေတ္တာရပ်ခံခြင်ပါတယ်ဗျာ။

No comments:
Post a Comment