အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးအကြံပေး ဂျိုးဇက်ဖစ်ရှာသည် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်ထိ ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ဒုတိယအတွင်းဝန် နှင့် သံရုံးပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လစာမဲ့ခွင့်ယူ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် အင်ဒရူးပစ်ထရစ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မစ္စတာဖစ်ရှာကို NLD ပါတီ၏ နိုင်ငံရေးလုပ်ဆောင်မှုများတွင် ဝင်မပါရဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် လစာမဲ့ ခွင့်ပေးထားခြင်းဖြစ်ပြီး အွန်လိုင်းသတင်းများတွင် ဖော်ပြထားသလို ၄င်း၏ လစာကို ဗြိတိသျှအစိုးရက ပေးထားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
မစ္စတာဖစ်ရှာသည် ဗြိတိသျှအစိုးရ၏ ဝန်ထမ်းဖြစ်နေဆဲဖြစ်သော်လည်း စပိုင်ဟုတ်မဟုတ်ကိုမူ ဗြိတိသျှ သံအမတ်က တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပါ။
အွန်လိုင်းသတင်းများတွင် မစ္စတာဖစ်ရှာသည် ဗြိတိသျှအစိုးရ၏ စပိုင်တစ်ယောက်ဖြစ်သည်ဟု ဆိုခြင်းကို NLD ပြောခွင့်ရ ဦးဝင်းထိန်က ငြင်းပယ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ဆေးရုံကြီး တိုးတက်ရေးအတွက် အလုပ်လုပ်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
Ref;ပြည်သူ့အာဏာ
No comments:
Post a Comment