Wednesday, September 23, 2015

ပြည်ခိုင်ဖြိုးနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဟု ရွှေပြည်သာကိုယ်စားလှယ်ပြောကြား

လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြော သည်။

‘‘ကျွန်တော်တို့နိုင်မှ ပါတီနိုင်မယ်။ ပါတီနိုင်မှ ကြံ့ခိုင်ရေး အစိုးရပေါ်လာမယ်။ ကြံ့ခိုင်ရေးအစိုးရပေါ်လာမှ တိုင်းပြည်ကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်’’ဟု လာမည့် ရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆိုသည်။

လာမည့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေပြည်သာမြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်က ရွှေပြည်သာမြို့နယ် အမှတ် (၂၃) ရပ်ကွက် (၀ါးတရာ)တွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ရွှေပြည်သာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ၌လည်း ထပ်မံဝင်ရောက် ရွေးချယ်ခံမည့် ဦးတင်မောင်ဦးက လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရေးအတွက် မဲဆွယ်ရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ရွှေပြည်သာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးကဏ္ဍများ၌ ဆောင်ရွက်ပေးခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက် ပေးမည့် လုပ်ငန်းများကို ပြည်သူများအားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည် မဲထည့်ပေးရန် ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောကြသည်။

စက်တင်ဘာ ၂၂ ရက်က ပြု လုပ်သော ပြည်သူလူထုနှင့် တွေ့ ဆုံပွဲသို့ လာမည့်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွှေပြည်သာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည့် ဦးတင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးရန်နိုင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ ဒေါ်စန်းစန်းနွယ်တို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ