အိမ်အတွင်းပိုင်းမှာ မဟုတ်တဲ့ ပြင်ပနေရာတစ်ခုမှာ ဆော့ကစားခြင်းဟာ ကလေးတွေရဲ့အမြင်အာရုံကို ထိခိုက်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုကရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပြင်ပမှာ တစ်နေ့ကို မိနစ် ၄၀ ခန့် ဆော့ကစားပေးခြင်းဟာ ကျောင်းနေအရွယ်ကလေးငယ်တွေ အနီးမှုန် ရောဂါဖြစ်ပွားခြင်းကနေ ၂၃ ရာခိုင်နှုန်းတိတိလျှော့ချပေးနိုင်ပါတယ်။ဘာကြောင့် ပြင်ပမှာ ဆော့ကစားခြင်းက အနီးမှုန်ရောဂါကိုကာကွယ်ပေးနိုင်တာလဲ?
လေ့လာမှုတစ်ခုက ဆွေးနွးခဲ့ဖူးတာကတော့လူတွေရဲ့ မျက်လုံးရဲ့ဖွံ့ဖြိုးမှုဟာ နေရောင်ခြည်တောက်ပမှုနဲ့ ဆက်စပ်နေပါတယ်။ အခုသုတေသန အသစ်ဟာလည်း အရှေ့တောင်အာရှမှာ အနီးမှုန်ရောဂါဖြစ်နေတဲ့ ကျောင်းနေအရွယ်ကလေးငယ် တွေများပြားလာမှုကြောင့် ပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံက အထက်တန်းကျောင်းသား ၈၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ အနီးမှုန်ဖြစ်နေကြပြီး ထို ဖြစ်စဉ်ဟာလည်း တစ်ဖြည်းဖြည်းခြင်း ဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတို့မှာပါ အဖြစ်များလာတာကို တွေ့ရပြန်ပါတယ်။လက်ရှိမှာတော့ အနီးမှုန်ရောဂါနဲ့ပတ်သက်ပြီးထိရောက်စွာကာကွယ်နိုင်မယ့် နည်းလမ်းတွေ မရှိသေးပါဘူး။ ဒါကြောင့် လက်တလော ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ အပြင်ဘက်မှာ အချိန်ကုန်ဆုံးခြင်းဟာ အနီးမှုနရောဂါ အခြေအနေရဲ့ ဖွံ့ဖြိုးလာမှုကို နှေးကွေးစေနိုင်တာပဲဖြစ်ပါတယ်။
ထိုလေ့လာမှုဟာ တရုတ်နိုင်ငံတောင်ပိုင်း က Guangdong ဒေသမှာရှိတဲ့ Guangzhou မြို့ က ကျောင်းတစ်ခုမှာ ကလေးတွေကို ၃ နှစ်တိတိ မိနစ် ၄၀ စာ အပြင်ဘက်ထွက်ပြီး လှုပ်ရှားမှု ပီတီချိန် သတ်မှတ်ပေးခဲ့ပါတယ်။ ထိုကလေးငယ်တွေရဲ့ ပျမ်းမျှ အသက်ကတော့ ၆ နှစ်ဖြစ်ကြပြီး မိဘတွေကိုလည်း စနေ၊တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာပါ အပြင်ဘက်ထွက်ပြီး ဆော့ကစားခွင့်ပေးဖို့ကို ညွှန်ကြားခဲ့ ပါသေးတယ်။
ထိုလေ့လာမှုမှာတော့ မူလတန်းကျောင်း ၆ ကျောင်းမှာရှိတဲ့ အဖွဲ့ ၁၂ ဖွဲ့က ကျောင်းသားငယ် ၈၅၃ ယောက်ပါဝင်ခဲ့ပါတယ်။ထိုကျောင်း ၆ ကျောင်းကကလေးငယ်တွေရဲ့ အနီးမှုနှုန်းဟာ ၃၉.၅ ရာခိုင်နှုန်းရှိခဲ့ပြီး နေ့စဉ်အပြင်ဘက်ကို ၄၀ မိနစ် ခန့်ထွက်နေစေပြီးတဲ့နောက် ၁ နှစ်အကြာမှာတော့ ၃၀.၄ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။
ဒါကြောင့် Guangzou မြို့ ၊ ဆွန်ယက်ဆင် တက္ကသိုလ်က ဒေါက်တာ Mingguang He ကတော့ "အပြင်ဘက်မှာ ကလေးတွေအချိန်ကုန်ဆုံးစေခြင်းဟာလည်း အနီးမှုန်ရောဂါကို ၉.၁ ရာခိုင်နှုန်း လျော့ကျ စေခဲ့ပါတယ်။ဒါကြောင့် ၃ နှစ်ခန့် အကြာမှာတော့ ၂၃ ရာခိုင်နှုန်း ခန့်လျော့ကျသွားပါတယ်။" လို့ ပြော ပြခဲ့ပါတယ်။
No comments:
Post a Comment