Monday, September 14, 2015

ပါတီရှိတဲ့သူတွေကိုသာ မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဟာ အစိုးရဖွဲ့လို့မရတဲ့အတွက် အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကိုပဲ မဲပေးကြဖို့ ကယားပြည်နယ် မဲဆွယ် စည်းရုံးရေးခရီးစဉ်ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က အခုလ ၁၂ ရက်နေ့က ရှားတောမြို့နယ်က ပြည်သူတွေကို ဟောပြောစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

"တသီးပုဂ္ဂလ ဆိုတာဟာ အစိုးရဖွဲ့လို့မရပါဘူး။ တသီးပုဂ္ဂလတွေဆိုတာဟာ အစိုးရဖွဲ့လို့မရတာကြောင့်မလို့ တသီးပုဂ္ဂလတွေ အတွက် မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့မဲတွေဟာ တန်ဘိုးရှိမှာပါ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

သမ္မရုံးဝန်ကြီးတွေဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် ဦးစိုးသိန်းတို့ နှစ်ဦးဟာ ကယားပြည်နယ် ရှားတောမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေအဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ 

"ခြိမ်းခြောက်တဲ့ပုဂ္ဂိုလ်တွေအတွက် မဲပေးလို့ရှိရင် တသက်လုံးဆက်ပြီးတော့ ခြိမ်းခြောက်ခံနေရမှာ ဆိုတာကို သတိပြုစေ ချင်ပါတယ်။ ဒီအတိုင်းပဲ မက်လုံးပေးတဲ့ အခုရွေးကောက်ပွဲနီးမှ ဟိုဟာလေးပေး၊ ဒီဟာလေးပေး လုပ်တဲ့လူတွေကို လုံးဝမဲမထည့်ပါနဲ့ အဲဒါ တနည်းအားဖြင့်ပြောရရင် ဒါလာဘ်ထိုးတာပဲ။ အဲဒီလိုကိုယ့်ကို လာဘ်ထိုးတဲ့လူတွေဟာ လာဘ်ပေး၊ လာဘ်ယူ စနစ်ကြီးကို ပိုပြီးတော့ ဆိုးဝါးအောင်လုပ်မယ့်လူတွေ ဖြစ်တာကြောင့်မလို့ လုံးဝမဲမပေးပါနဲ့" ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ 

ဧရာဝတီ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ