Monday, September 28, 2015

NCA မထိုးတဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်မှ ပြည်တွင်းငြိမ်းချမ်းရေး ရမယ်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးဖို့ နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ဆီ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးသားဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ အစိုးရ ဘက်က အသင့်ဖြစ်နေသလောက် လက်နက်ကိုင်တွေဘက်က တစ်ယောက်တစ်ပေါက် ဖြစ်နေတာတွေ့ရ ပါတယ်။ NCA ထိုးမယ့်အဖွဲ့နဲ့ မထိုးမယ့်အဖွဲ့ဆိုပြီး နှစ်မျိုးကွဲနေတယ်။ လက်နက်ကိုင်တွေကို သမ္မတက ဖိတ်ခေါ်ကမ်းလှမ်းတာပါ။အမိန့်ပေးထိုးခိုင်းတာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ညှိနှိုင်းတာဖြစ်ပါတယ်။ ညှိနှိုင်းတာကို လက်မခံရင်တော့ ငြိမ်းချမ်းရေးမှာ လက်တွဲလို့ မရတော့ဘူးလေ။ ဒီတော့ ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်လိုက်တာ အကောင်းဆုံးပါပဲ။

ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်လိုက်မှသာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းဟာလည်း အနှောင့်အယှက် အတားအဆီးမရှိ ဖြောင့်ဖြူးမှာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲကျင်းပဖို့ရက်ကလည်း ရက်ပေါင်း ၄၀ သာ လိုတော့တဲ့အတွက် ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း၊ တအာင်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာက ရွေးကောက်ပွဲကို ထိခိုက်နိုင်ပါတယ်။ အဲဒီတိုက်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်နိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NCA မှာ လက်မှတ်ထိုးရေး၊ မထိုးရေး စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဆွေးနွေးမယ့် NCA ကိစ္စ ဘယ်လိုအဖြေထွက်မယ်မသိပေမယ့် လက်နက်ကိုင်တစ်စုကတော့ အောက်တိုဘာမှာလုပ်မယ့် NCA မှာ လက်မှတ်မထိုးဘူးလို့ ပေါ်ပေါ်ထင်ထင် ပြောဆိုလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါဆိုရင် လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာဦးမယ့် လက္ခဏာပါပဲ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နေတဲ့ အဲဒီသူပုန်တွေကို အပြတ်ရှင်းလိုက်တာ အကောင်းဆုံးလို့ မြင်ပါတယ်။

“သူပုန်ကတော့ သူပုန်စိတ်ပဲမွေးမှာပေါ့။ သမ္မတက လူရာသူရာသွင်းပြီး ကမ်းလှမ်းတာကို သူတို့ကိုယ်သူတို့ ဘာထင်နေသလဲ မသိဘူး၊ NCA မထိုးဘူးဆိုပြီး ငြင်းတယ်၊ ဒါဆို ငြိမ်းချမ်းရေးမလိုချင်လို့ပေါ့။ မလိုချင်ရင် ဒီ အတိုင်းတော့ ဘယ်ထားနိုင်မလဲ၊ တစ်ခါတည်း အပြုတ်တိုက်ပြီး ငြိမ်းချမ်းအောင်လုပ်ရမှာပေါ့၊ အခု ကချင်မှာ KIA၊ ရှမ်းမြောက်မှာ TNLA၊ ရှမ်းတောင်မှာ RCSS/SSA တို့နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်၊ ရွေး ကောက်ပွဲတောင် အဲဒီနယ်မြေတွေမှာ ကျင်းပနိုင်ဖို့ မလွယ်ဘူး။ အရှင်ထားမနေနဲ့၊ အသေသာ သတ်ပစ်လိုက်၊ ဆန်ကုန်မြေလေးကောင်တွေ၊ တိုင်းပြည်အတွက်ဘာအကျိုးမှ မရှိဘူး” လို့ တိုင်းရင်းသားအရေးလေ့လာသုံး သပ်သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။

NCA မှာ ပါဝင်လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ငြင်းထားတဲ့ လက်နက်ကိုင်တွေထဲမှာ KIO/KIA အဖွဲ့က ထိပ်ဆုံးကပါ။ စက်တင်ဘာလ ၉ ရက်နေ့ နေပြည်တော်မှာ သမ္မတနဲ့ လာတွေ့ပြီး အင်ဘန်လက စက်တင်ဘာ လ ၁၁ ရက်နေ့ ရန်ကုန်မှာ ကချင်လူထုနဲ့ တွေ့ဆုံပွဲမှာ NCA ထိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောသွားတာ ပါ။ အဲဒီလိုပြောပြီး မကြာခင်မှာပဲ ကချင်ပြည်နယ် ဗန်းမော်၊ မန်စီ၊ မိုင်းခေါင်တစ်ဝိုက်မှာ အစိုးရတပ်တွေကို စတင်ပစ်ခတ်တိုက်ခိုက်ပြီး တိုက်ပွဲတွေကို ဖန်တီးခဲ့တာပါ။ ဒီတော့ အရင်ဆုံး သုတ်သင်ရမယ့်အဖွဲ့ဟာ KIO/KIA လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

KIA နဲ့ သံယောင်လိုက်ပြီး သမ္မတက အခွင့်အရေးပေးတာတောင် ပမာမခန့်လုပ်လာတဲ့အဖွဲ့က TNLA ပါ။ ဘိန်း စားခွေးဝဲစားအဆင့်သာရှိတဲ့ KIA ခိုင်းဖတ် TNLA ကိုလည်း မြန်မြန်ရှင်းလိုက်တာ ကောင်းပါတယ်။ NCA မှာ လက်မှတ်မထိုးဘူးဆိုတဲ့ အကြောင်းကို TNLA က ကြေညာချက်ထုတ်ပြန်ပြီးတော့ကို ငြင်းလိုက်တာ။ လက်မှတ် မထိုးမှတော့ လက်တွဲလို့လည်းမရတော့မယ့်အတူတူ တအာင်းဒေသ ငြိမ်းချမ်းသွားအောင် လက်တစ်ဆုပ်စာ TNLA ကို တအာင်းနယ်မြေကနေ မောင်းထုတ်လိုက်တာ အကောင်းဆုံးပဲ။ ထိထိမိမိ မဆုံးမလို့ အတင့်ရဲ နေတာ။ KIA ကို အပြုတ်တိုက်လိုက်ရင် သူ့နောက်လိုက် TNLA ဟာလည်း နယ်မြေတင်မကဘူး စားခွက်ပါ ပျောက်သွားမှာ သေချာပါတယ်။

NCA မှာ ပါဝင်လက်မှတ်ထိုးမယ်လို့ ကြေညာချက်ထုတ်ခဲ့တဲ့ RCSS/SSA ကလည်း အခုမထိုးပြန်ဘူးလို့ ဆိုလိုက်ပြန်ပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း၊ လွိုင်လင်၊ ခိုလမ်၊ မိုင်းပွန်မြို့နယ်တွေထဲမှာ အစိုးရတပ် တွေနဲ့ RCSS/SSA တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီတိုက်ပွဲတွေကြောင့် မဲဆွယ်စည်းရုံးရေးဆင်းမယ့် ကိုယ်စားလှယ်လောင်းတွေကို သူတို့လှုပ်ရှားနယ်မြေ ၁၆ မြို့နယ်ထဲမှာ မဆင်းဖို့ RCSS/SSA က ခြိမ်းခြောက် ထားပါတယ်။ တကယ်တော့ ရှမ်းပြည်နယ်တောင်ပိုင်းဟာ RCSS/SSA အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာ မဟုတ်သလို RCSS/SSA ဟာ ပြည်နယ်အစိုးရအဖွဲ့လည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲကိစ္စတွေကို လက်နက် ကိုင်အဖွဲ့တွေက ကန့်သတ်တားမြစ်တာဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်တာနဲ့ အတူတူပါပဲ။ တိုက်ပွဲတွေ မဖြစ်ဖြစ်အောင် ဖန်တီးနေရင် ရွေးကောက်ပွဲလည်း ရှမ်းပြည်နယ်တောင်ပိုင်း အချို့မြို့၊ ရွာတွေမှာ ကျင်းပနိုင် ချေနည်းပါတယ်။ ဒီတော့ ချိုကြွနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မြို့၊ ရွာတွေမှာ ဥပဒေမဲ့ သွားလာနေတဲ့ RCSS/ SSA အဖွဲ့ကိုလည်း ဦးချိုးရမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမှိုက်တစ်စကိုလည်း အချိန် မလွန်ခင် ဖယ်ရှားရှင်းလင်းဖြစ်ရမှာပဲ ဖြစ်ပါတယ်။

KIA၊ TNLA နဲ့ RCSS/SSA နည်းတူ MNSP နဲ့ KNPP တို့လို လက်နက်ကိုင်တွေကလည်း NCA အပေါ် အပြု သဘောမမြင်နိုင်ဘဲ လက်မှတ်မထိုးဘူးလို့ ပြောထားကြပါတယ်။ ဒါဟာ MNSP အခြေချတဲ့ မွန်ပြည်နယ်နဲ့ KNPP အခြေချတဲ့ ကယားပြည်နယ်တွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက်တော့ စိတ်မကောင်းစရာပါ။ NCA မထိုးတဲ့ အဖွဲ့တွေဟာ ငြိမ်းချမ်းရေးမလိုလားတဲ့အဖွဲ့တွေအဖြစ် သတ်မှတ်ခံရမှာဖြစ်လို့ အဲဒီဒေသတွေ မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုပဲ စိုးရိမ်မိပါတယ်။ တကယ်လို့ တိုက်ပွဲတွေဖြစ်လာခဲ့ရင်လည်း MNSP နဲ့ KNPP တို့ကိုသာ အပြစ်တင်ပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NCA မထိုးတဲ့ လက်နက်ကိုင်တွေကို အပြုတ်တိုက်မှ ပြည်တွင်းငြိမ်းချမ်းရေးရမှာ ဖြစ်တဲ့အတွက် မျက်နှာကြီးငယ်မရွေး ချေမှုန်းပစ်မယ့်အထဲမှာ သူတို့ အဖွဲ့တွေလည်း ပါသွားတော့မှာပဲ ဖြစ်ပါတယ်။

ဇော်လင်းအောင်
today myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ