ပျားရည်သောက်တော့မယ်ဆိုရင် နံက်စောစောအိပ်ယာထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမျှ မရှိတဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာမစားခင် နှစ်နာရီခန့်အလို နဲ့ ညအိပ်ယာဝင်ခါနီးချိန်တွေမှာလည်း သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ဟာ ပျားရည်ကို တစ်နေ့လျှင် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပါဘူး။ ဆေးညွှန်းပမာဏမှာ တစ်ကြိမ် သောက်တိုင်း ကြက်သီးနွေးခန့်ပူသော ရေနွေးဖြူ တစ်ဖန် ခွက်နှင့် ပျားရည် စစ်စစ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အရွယ်) ဖြစ်ပါတယ်။ ၄င်းဖျော်ရည်ကို အကြာကြီးအအေးခံ မထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။
ပျားရည်သောက်ရန် သင့်တော်သူများ
(၁) နို့တိုက်မိခင်များ
မီးဖွားပြီးစ နှင့် နို့ ချိုတိုက်ချိန်များမှာ ပျားရည်စားသင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစ သွေးသားနု ချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက်သင့်ပါတယ်။
(၂) ကင်ဆာ ရောဂါသည်များ
အရိုးကင်ဆာနှင့် အဆာအိမ်ကင်ဆာဝေဒနာသည်များဟာ သဘာဝနှစ်ချို့ ပျားရည်စစ်စစ်နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ ပမာဏစီ ဆတူရော၍ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် အစာမစားမီ နာရီဝက်အလို သို့မဟုတ် အစာစားပြီးနောက် နာရီဝက်အကြာမှာ သောက်သုံးပေးရပါမယ်။ အထူးသတိပြုရန်မှာ ဆေးသောက်ပြီးတဲ့အခါ သောက်ရေအေး တစ်ဖန်ခွက် သောက်ပါ (ရေခဲရေနှင့် ရေနွေးပူတို့မဟုတ် ပါ။)
(၃) အပူကန် လည်ချောင်းနာသူများ
ပျားရည်ဟာ အပူဓာတ်ရှိတာကြောင့် ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြပါတယ်။ တကယ်တော့ သောက်လို့ရပါတယ်။ အပူကန်လည်ချောင်း နာသူများဟာ ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေပါ တယ်။
(၄) ချောင်းဆိုးနေသူများ
ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ပါပဲ။ ဆေးသောက်ရန် အသင့်တော်ဆုံး အချိန်ကတော့ နံက်အိပ်ယာထ ဘာမျှမစားခင်ဖြစ်ပြီး၊ ရေနွေးဖြူတစ်ဖန်ခွက်ထဲကို ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထဲ့၍ ဖျော်သောက်ပေးရမှာပါ။ တဖန်နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက်ရှည်၊ သို့မဟုတ် သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။
(၅) အသက် တစ်နှစ်နှင့်အထက် ကလေးငယ်များ
(က) ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်ရင် ပျား ရည်ကိုသံပုရာရည်ဖြင့် ဆတူရော၍ တိုက်ပါ။
(ခ) ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောခြင်း အတွက် ပျားရည် အနည်းငယ်ကျွေးပါ။
(ဂ) ပျားရည်က စိတ်ကိုထိန်းပေးနိုင်သောအစွမ်းသတ္တိရှိ၍ အိပ်ရာထဲ အပေါ့စွန့် တတ်သော ကလေးများကို ညအိပ်ယာဝင်ခါနီးပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်ပါတယ်။
(ဃ) ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါးဖြစ်နေရင် ပျားရည်ကျွေးပေး ခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။
(င) တုတ်ကောင်၊သန်ကောင် ရှိသောကလေးငယ်များကို နာနတ်သီးကို ပျားရည်ဖြင့်နယ်၍ ကျွေးပါ၊ သို့မဟုတ် ပျားရည်နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။
ပျားရည်သောက်ရန် မသင့်တော်သူများ
(၁) အသက် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များ။ ပျားရည်ထဲမှာ Microorganisms လို့ခေါ်တဲ့ Clostridium ဗက်တီးရီးယားပိုးငယ်လေးတွေ မြောက်များစွာပါရှိနေကြပါတယ်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်း ကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက်နိုင်သော်လဲပဲ
ကလေးငယ်များအတွက်ကတော့ အစာချေလမ်းကြောင်းမှာ သွေးခဲ၍ အစာ
အဆိပ်သင့် ဝေဒနာကိုဖြစ်စေပါတယ်။
ဒါ ကြောင့် အသက် တစ် နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များကို ပျား ရည် (လုံးဝ) မကျွေး သင့်ပါဘူး။
(၂) ကိုယ်ဝန်ဆောင် မိခင်လောင်းများ
Botulinumtoxin(ခေါ်)ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်ဝန်သည်တွေက ပျားရည်သောက်ရန် သင့်လား၊
မသင့်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေကြပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာပျားရည် သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်
က ပျားရည်ထဲမှာပါရှိတဲ့Botulinumtoxin အဆိပ်ကို အလိုအလျောက် ဖယ်ရှားသုတ်သင်ပေးလေ့ရှိပါ တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်လို့ရပါတယ်။ ပဋိသန္ဓေသားကိုလည်း လုံးဝ ဘေးဥပဒ်မဖြစ် စေနိုင်ပါဘူး။ သို့သော်မိခင်လောင်းအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးထဲရှိ သကြားပမာဏ မြင့်တက်လေ့ရှိကြပါတယ်။ ပျားရည်ထဲမှာလည်း Fructose သကြားပမာဏမြင့်မားစွာ ပါရှိနေတာကြောင့် ကိုယ်ဝန်သည်များ အနေဖြင့် ပျားရည်မစားတာဘေးအကင်းဆုံးပဲ ဖြစ်ပါတယ်။
(၃) ဆီးချိုသွေးချို ရောဂါသည်များ
ပျားရည်ထဲမှာFructose နှင့်Glucose တို့ ဓာတ်တွေ ပြည့်ဝတူညီစွာပါရှိ နေပါတယ်။ ဒါကြောင့် ဆီးချို သွေးချိုရောဂါသည်များနှင့် သွေးထဲမှာ Glucose ပြဿနာရှိနေသူများဟာ ပျားရည်စားသုံးခြင်းမှ အထူးရှောင်ရှား ရပါမယ်။
(၄) ကိုယ်အလေးချိန် လျော့ချလိုသူများ
ပျားရည်နဲ့ သကြားညို(သဘာဝသကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက် ရည်ဇွန်း တစ်ဇွန်းစာ ပမာဏစီရှိကြသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂
ပါရှိနေပြီး၊ သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေပါတယ်။ ဒါကြောင့်ပျားရည် ဟာ ကယ်လိုရီ တက်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများ
အနေဖြင့် ပျားရည်မသောက်သင့်ပါဘူး။
ပျားရည် သံပုရာကို သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးအကျိုး ကျေးဇူးများရေနွေးဖြူ တစ် ဖန်ခွက်ထဲကို ပျားရည်နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံနက် အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမျှမရှိခင်မှာ သောက်ပေးရမှာဖြစ်ပါတယ်။
၎င်းဆေးပျားရည်ကို သောက်ပေးခြင်းဖြင့်တစ်နေ့ တာလုံး အစာကျေညက် စေခြင်း၊ အူသိမ်အူမထဲမှအချွဲ အကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင် ကျန်းမာစေခြင်း၊ အူမကြီးကို စိုစွတ်၍လွယ်ကူစွာ ဝမ်း သက်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှု တွေပြေပျောက်စေခြင်း၊ ကိုယ်ခံစွမ်း အားကို တိုးတက် မြင့်မားလာခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်း ကို သန့်စေခြင်း၊ ခံတွင်းရနံ့ သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသားအရည် ဝင်းပကြည်လင်ခြင်းစတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကိုရရှိနိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment