Monday, September 21, 2015

နေ့စဉ်မိုးလေ၀သ သတင်း (၂၂.၉.၂၀၁၅ နံနက်)

       

ဒီကနေ့ နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားနည်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကျန် ဒေသများမှာကတော့ တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါတယ်....

ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံအပြား၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာခဲ့ပါတယ်။

မှတ်သားဖွယ်ရာ မိုးရေချိန်များကတော့ ကျောက်တော်မြို့  (၁.၃၄) လက်မ၊ မကွေးမြို့ မှာ (၀.၅၉)လက်မနဲ့ ဖားအံမြို့ မှာ (၀.၅၅)လက်မတို့ ဖြစ်ကြပါတယ်......

အောက်မှာဖော်ပြထားတဲ့ ပုံများကတော့ ဒီနေ့မနက် (၀၆း၃၀)နာရီ အချိန်ဂြိုလ်တုတိမ်ပုံ နှင့် WRF Modelမှ ရရှိတဲ့ စက်တင်ဘာလ(၂၃)ရက်နေ့နဲ့ (၂၄)ရက်နေ့အတွက် မိုးရေချိန် ခန့်မှန်းချက်ပြပုံများ ဖြစ်ပါတယ်။

Ref - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ