ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် တစ်စုံတစ်ရာနှောင့်ယှက်ရန်ပြုမှုများ ကြုံတွေ့လာပါက ကာကွယ်ခုခံနိုင်ရေးနှင့် ယာဉ်ထိန်းရဲများလုံ ခြုံရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်အား စက်တင်ဘာ ၂၅ ရက်တွင် လက်ကိုင် ကျဉ်စက်တုတ်များ စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့၍ သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအား လက်ကိုင်ကျဉ်စက် တုတ်များ စတင်အသုံးပြုခွင့် ပေး ခဲ့ခြင်းဖြစ်သည်။ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများစစ်ဆေးအရေးယူစဉ် တာဝန်ဝတ္တရား နှောင့်ယှက်မှုများ နှင့် အသက်အန္တရာယ်ထိခိုက်လာ သည်အထိ ရန်ပြုမှုများဖြစ်ပေါ် လာပါက အသုံးပြုနိုင်ရန်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းယာဉ်ထိန်းရဲအရာရှိ တစ်ဦးကပြောသည်။
‘‘မန္တလေးမှာ ယာဉ်ထိန်းအသတ်ခံရတဲ့ဖြစ်စဉ်ကြောင့်လည်း ပါတာပေါ့။ နဂိုကတည်းက ဒီပစ္စည်းတွေ ရှိပြီးသားပါ။ အရင်က အမျိုးသမီးယာဉ်ထိန်းရဲမေတွေ အတွက် ထုတ်ထားပေးတယ်။ အခုကျတော့ အမျိုးသားတွေအ တွက်ပါ လိုအပ်လာတယ်’’ဟု အဆိုပါအကြီးတန်းယာဉ်ထိန်းရဲ အရာရှိက ပြောသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ကျဉ်စက်တုတ် အသုံးပြုမည်ဆိုပါက ခန္ဓာကိုယ်တွင် သေစေနိုင်သည့် နေရာခုနစ်နေရာကိုထိ၍ အသုံးမပြုသင့်ကြောင်းနှင့် ကြွက်သားရှိသည့်နေရာကိုသာလျှင် အသုံးပြုရမည် ဖြစ်ကြောင်း မန္တလေး မြို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။
‘‘မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ဖို့အတွက် ပေးထားတယ်ဆိုပေမယ့် မသုံးရဲပါဘူး။ တစ်ခုခုဖြစ်သွားရင် ကိုယ်ပဲခံရ မှာ။ အသုံးပြုနည်းမှားသွားရင် ကိုယ်ကပဲ တရားခံဖြစ်မှာ။ မသုံးဖြစ်ပါဘူး။ သတ်မှတ်ထားတဲ့ တင်ပါး၊ ဗိုက်သားတို့ အဲဒီနေရာတွေကို ထိရင်တော့ ဘာမှမဖြစ်ပါဘူး’’ ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။ ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၂၅ ရက်မှစတင်၍ ရန်ကုန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၃၅၀ ဦး၊ မန္တလေးတွင် ၆၅၀ ဦး၊ စစ်ကိုင်းမြို့တွင် ၄၃ ဦးတို့အား အသုံးပြုခွင့် ပေးထားပြီးကြောင်း သတင်းရရှိ သည်။
‘‘စစ်ကိုင်း၊ ရွှေဘိုနဲ့ မုံရွာမြို့ တွေမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းစစ်ဆေးမယ့် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အမျိုး သားကိုင်ကျဉ်စက် ၄၀ နဲ့ အမျိုး သမီးကိုင်ကျဉ်စက် သုံးလက်ကို အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါ တယ်’’ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ် ဖွဲ့ခွဲမှူးရုံး ရဲမှူးခင်ဇော်မြင့်က ပြောသည်။
‘‘အဓိကကတော့ နှလုံးရော ဂါရှိတဲ့လူဆိုရင် နှလုံးသွေးရပ် သွားနိုင်တယ်။ ဦးနှောက်အာရုံ ကြောနဲ့ ပတ်သက်ပြီး ရောဂါရှိတဲ့ လူဆိုရင်လည်း ပိုဆိုးနိုင်ပါတယ်။ တခြားတော့ အန္တရာယ်မရှိဘူး။ စက္ကန့်ပိုင်းအတွင်းမှာ လှုပ်လှုပ် ရှားရှားလုပ်လို့မရအောင် လုပ်တဲ့ သဘောပါပဲ’’ဟု အထွေထွေရော ဂါကု ဆရာဝန်တစ်ဦးက ကျဉ်စက်အသုံးပြုခြင်းနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။
No comments:
Post a Comment