(၂၇.၉.၂၀၁၅)ရက်နေ့ နေ့လည်ပိုင်းက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အားဖူးမျှော်ကန်တော့ခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတကြီးသည် ဦးပိန်တံတားနှင့်တောင်သမန်အင်းကို လာရာက်ကြည့်ရှု စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ရှင်းလင်းပြသခဲ့ ကြပါသည်။
သမ္မတကြီးက တောင်သမန်အင်းအတွင်း ၀င်ရောက်လျှက်ရှိသော ရေဆိုးများကို တောင်အင်း မြောက်အင်း တွင် ရေသန့်စင်စက်ရုံတည်ဆောင်ပြီး ရေဆိုးကို သန့်စင်ကာ ဒုဋ္ဌ၀တီမြစ်အတွင်းသို့ စီးဝင်စေရန်နှင့် မြို့သူမြို့သားများကလည်းဒီအင်းကြီးကို Land Mark အဖြစ်သတ်မှတ်ကြပြီး သန့်သန့် ရှင်းရှင်း ကောင်းကောင်းမွန်မွန်ဖြစ်လိုစေချင်ကြကြောင်းနှင့် နိုင်ငံခြားသားများကလည်း သွားလာလေ့လာရင်း ဒေသခံများအတွက် အထောက်အကူရနေကြကြောင်း၊ ဦးပိန်တံတားအတွက် ရှေးမူမပျက်ပြန်လည်ပြင်ဆင်ရန် လိုအပ်သော ကျွန်းတိုင်အလုံးတစ်ရာကျော်ကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစစ်တင်ပြရန်တို့ကို မှာကြားခဲ့ပါသည်။
တိုင်းဒေသကြီးတာဝန်ရှိသူများကလည်း တောင်သမန်အင်းအတွင်း ငါးလေလံလုပ်ငန်းကို ဒီတစ်နှစ်(လေလံနှစ်)အပြီး လုံးဝ ရပ်တန့်မှာဖြစ်ကြောင်းနှင့် တောင်သမန်အင်း ပိုမိုကောင်းမွန်စေရန်နှင့် ဦးပိန်တံတားကြီး ရှေးမူမပျက် ပြင်ဆင်ဆောင်ရွက်နိုင်စေရန်တို့အတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
No comments:
Post a Comment