Wednesday, September 16, 2015

ပြည်သူနဲ့ နိုင်ငံအတွက် တိုးတက်မှု ဖော်ဆောင်ပေးနိုင်မယ့် ပညာရှိကိုသာ မဲပေးမယ်လို့ ဆိုတဲ့ ခင်ဝင့်ဝါ

၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြိမ်းချမ်းဆုံးနဲ့ အအေးချမ်းဆုံး ပြီးဆုံးစေချင်တဲ့ ခင်ဝင့်ဝါက ပြည်သူနဲ့နိုင်ငံအတွက် တိုးတက်မှုကို လုပ်ပေးနိုင်မဲ့ ပညာရှိကို မဲပေးမယ်လို့ဆိုလာပါတယ်။

"ညီမတို့နေတဲ့ မြန်မာနိုင်ငံကြီးတိုးတက်ပြီးတော့ ပြည်သူပြည်သားတွေအားလုံး အေးချမ်းငြိမ်းချမ်းပြီး၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်မဲ့သူကိုပဲ မဲပေးချင်ပါတယ်။ ဘယ်ပါတီရယ်လို့မဟုတ်ဘူး။ ညီမအနေနဲ့ မြန်မာတစ်နိုင်ငံလုံးအတွက်ရော ညီမတို့ပြည်သူပြည်သားတွေအားလုံးအတွက်ရော အဖက်ဖက်ကနေ ပြီးပြည့်စုံပြီး ညီမတို့ကိုခေါ်ဆောင်သွားပေးမဲ့ ပညာရှိလူတစ်ယောက်ကိုပဲမဲပေးမှာပါ။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာလဲ မြန်မာနိုင်ငံကိုဖြစ်စေချင်တာကတော့ငြိမ်းချမ်းစေချင်တယ်။အငြိမ်းချမ်းဆုံး အအေး ချမ်းဆုံးနဲ့ပဲပြီးသွားစေချင်ပါတယ်။ညီမတို့နိုင်ငံက ဗုဒ္ဒဘာသာနိုင်ငံလဲဖြစ်တယ်။ ဗုဒ္ဒဘာသာ ရဲ့အရိပ် အာဝါသအောက်မှာ ငြိမ်းချမ်းတဲ့အေးချမ်းတဲ့တည်ငြိမ်တဲ့ အပူအပင်ကင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပါတယ်"တဲ့။

ခုလတ်တလောမှာ သူမဟာရှယ်ချွေးမဆိုတဲ့ဇာတ်ကားလေးကို ရန်အောင်၊အောင်ရဲလင်း၊ ထက်ထက်မိုးဦး တို့နဲ့အတူရိုက်ကူးနေတယ်လို့ သိရတာကြောင့် ထက်ထက်မိုးဦးလို ၀ါရင့်တစ်ယောက်နဲ့ တွဲရိုက်ရတဲ့အခါ ဘယ်လိုခံစားချက်မျိုးရှိသလဲ မေးကြည့်လိုက်တော့"ဒီကားထဲမှာ မထက်နဲ့ အစုံခန်းတွေလဲ ပါတယ်။မထက်နဲ့ခုလိုတစ်ကားတည်းမှာ တူတူပါဝင်ရိုက်ကူး ခွင့်ရတဲ့အတွက် ပျော်လဲပျော်တယ်။ အရမ်းလဲ ၀မ်းသာတယ်။ဒီကားကညီမအတွက်အမှတ်တရပေါ့။ဝါရင့်သရုပ်ဆောင်တွေနဲ့တူတူတွဲဖက်ပြီး သရုပ် ဆောင်ခွင့်ရတဲ့အတွက် ညီမအနေနဲ့အတွေ့အကြုံသစ်၊ပညာတွေအပြင်လေ့လာမှုတွေပါ လေ့လာခွင့် ရတဲ့အတွက် ကျေနပ်မိပါတယ်။"လို့ သူမကပြောပြသွားပါတယ်။

ဒီကားဟာ ၂၀၁၅ ထဲမှာရိုက်တဲ့ ကားကြီးအနေနဲ့ ၃ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကတော့ ကျွန်တော့် ရည်းစားဘုရားမှာနေသည် နဲ့ သင်္ကြန်ပြတိုက် တို့ဖြစ်ကြောင်း ပြောပြသွားပါတယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ