အနည်းဆုံးအခကြေးငွေ ကင်းလွတ်ခွင့်ရရှိထားသည့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများနှင့် အလုပ်သမား ၁၅ ဦး အောက် လုပ်ငန်းများ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီထားသည့် လစာနှုန်းထားဖြင့် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရမည်ဟု သတင်းရရှိ သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ အတည်ပြုနှုန်းထား အတည်ပြုပြီးဖြစ်၍ နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များ ပြန်လည်ချုပ်ဆိုရမည်ြ ဖစ်ကာ ယင်းစာချုပ်တွင် အနည်းဆုံး အခကြေးငွေပေးဆောင်ရန် ကင်းလွတ်ခွင့်ရရှိထားသည့် မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းများ၊ လုပ်သား ၁၅ ဦးအောက်ရှိသည့် လုပ်ငန်းငယ်များပါ ထည့်သွင်း ထားခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
စက်ရုံ၊ အလုပ်ရုံများသည် အနည်းဆုံးအခကြေးငွေနှုန်းထား နှင့်အညီ စက်တင်ဘာမှစ၍ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ခန့်ထားပြီးသော အလုပ်သမားများနှင့်သော်လည်းကောင်း၊ အသစ်ထပ်ခန့်မည့် အလုပ်သမားနှင့်သော်လည်းကောင်း ချုပ်ဆိုကြရမည်ဖြစ်သည်။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရလည်း အလုပ်ရှင်သည် အလုပ်သမားအား ခန့်အပ်ပြီး ရက်ပေါင်း၃၀အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပေးရမည်ဟု ဖော်ပြထားသည်။
‘‘အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံနဲ့လစာ ထုတ်ပေးမှုစာအုပ်ပုံစံတွေကိုလည်း သက်ဆိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေဆီကိုပို့ထားပေးပြီးပြီ။ အဲဒီပုံစံအတိုင်း စက်တင်ဘာကနေစပြီး အကောင်အထည်ဖော် သွားကြရမှာပါ’’ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
အနည်းဆုံးအခကြေးငွေနှင့် သက်ဆိုင်ခြင်းမရှိသော တစ်နိုင်တစ်ပိုင်လုပ်ငန်းများနှင့် အလုပ်သမား ၁၅ ဦးအောကလုပ်ငန်းများမှ အလုပ်သမားများအာမခံချက် ရရှိစေရန် ရည်ရွယ်၍ စာချုပ်ချုပ် ဆိုစေခြင်းဖြစ်သည်။
ထိုသို့ သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် လစာငွေပေးချေမှုကိုသက်ဆိုင်ရာ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာရုံးများက စောင့်ကြပ်စစ်ဆေးမှုများပုံမှန်ပြုလုပ်မည်ဟု သိရသည်။
လုပ်ငန်းငယ်များတွင် အလုပ်ရှင်၊ အလုပ်သမားသဘောတူ စာချုပ်ချုပ်ရမည်ဆိုသည့် အစီအစဉ်ကို ကြိုတင်မသိရှိဘဲ ချက်ချင်းစတင်အကောင်အထည်ဖော်ရမည်ဆိုသည့်အတွက် နည်းလမ်းလွဲမှားမှု အားနည်းချက်များရှိလာ နိုင်သည်ဟု စားသောက်ကုန်လုပ် ငန်းပိုင်ရှင် ဦးလှမြင့်ကဆိုသည်။
အလုပ်သမားတစ်ဦး၏ အနည်းဆုံးတစ်ရက် ရှစ်နာရီလုပ်ခကို ကျပ် ၃,၆၀၀ သတ်မှတ်ကြောင်း သြဂုတ် ၂၈ ရက်က အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။
7day Daily
No comments:
Post a Comment