Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, July 22, 2014
ဘဂါင်္လီစခန်းများထက် ရခိုင်ဒေသခံများ၏ လူနေမှုအဆင့်အတန်းများစွာနိမ့်ကျမှုများလည်းရှိနေဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆို
ရခိုင်ပြည်နယ်၏ ဒေသခံများမှာ ဘင်္ဂလီစခန်းများထက် နိမ့်ကျနေသည်များလည်းရှိနေသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီကို တုန့်ပြန်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်း မစ္စယန်ဟီလီနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဇူလိုင်လ ၁၈ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“လူမှုရေးအဖွဲ့တွေ ၀င်လာရင် ဘင်္ဂါလီစခန်းတွေကိုပဲ အဓိကထားသွားကြတော့ ဒေသခံတွေမှာဝင်လာတဲ့ လူမှုရေး အဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုရတာ နည်းတယ်၊ အဲ့ဒါကြောင့် လူနေမှုအဆင့်အတန်းနိမ့်ကျတယ်လို့ ပြောတာမျိုးဖြစ်နိုင်ပါတယ်” ဟု ဂွမြို့နယ်မှ ရခိုင်တိုင်းရင်းသားတစ်ဦးက ၄င်းအမြင်ကို ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဘင်္ဂလီစခန်းများတွင် အိမ်သာရှိခြင်း၊ လျှပ်စစ်မီးရှိခြင်းနေရာထိုင်ခြင်းရှိခြင်း စသည့် အားသာချက်များရှိသော်လည်း ရခိုင်ဒေသခံတစ်ချို့မှာအိမ်သာမရှိ နေရာထိုင်ခင်းမရှိသည့် ဒေသခံများလည်း ရှိကြောင်း ကယ်ဆယ်ရေး ထောက်ပံ့ရေး နှင့် ပတ်သက်၍ မစ္စယန်ဟီလီ၏ မေးမြန်းမှု အပေါ်တုန့်ပြန်လိုက် ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မစ္စယန်ဟီလီတို့ နှစ်နာရီနီးပါးအပြန်အလှန်ဆွေးနွေးခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်က လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် အခြားနိုင်ငံများလိုမဟုတ်ဘဲ ဘာသာရေးလွပ်လပ်ခွင့် ပေးထား ကြောင်း ပြောသည်။
“ကျနော်တို့မြန်မာနိုင်ငံမှာဘာသာပေါင်းစုံရှိတယ်၊ အစ္စလာမ်ဘာသာဝင်ဆိုရင်လဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်၊ သူတို့ဘာသာရဲ့ နေ့ရက်ကြီးတွေမှာ ရုံးပိတ်တာတွေ ရှိတယ်၊ဒါဟာ ဘယ်နိုင်ငံမှာမှမရှိတဲ့ အရာတွေပါ"ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့တက်ရောက်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးကလည်းယခုကဲ့သို့ ဆိုသည်။
" အဓိကက တွေ့ရတာက မစ္စယန်ဟီဟာ ဘာတွေကို မေးလဲဆိုတော့ မူဆလင်တွေ အပြင်ထွက်ခွင့်မရတဲ့၊ကိစ္စ ဆေးဝါးကုသလို့မရ ကိစ္စဆိုဘဲ မေးတယ်၊ ဒေသခံ ရခိုင် အတွက် လူ့အခွင့်အရေးဆိုင်ရာ ဘာတစ်ခုမှ မပါဘူး ပြီးတော့ ထောင်ထဲ မှာလဲ ပြစ်မှုကျူးလွန်ထားလို့အရေးယူခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေ ငါးဦးနဲ့ တွေ့တယ်၊ အဲ အထဲမှာ ရခိုင်တစ်ယောက်မှ မပါဘူး၊ ရှင်းရှင်းပြောရရင် မူဆလင်ဘက်ရဲ့ အသံကိုဘဲ မေး နေတယ်'' ဟု ၄င်း၏ အမြင်ကို ပြောဆိုသည်။
မစ္စယန်လီသည်ရခိုင်ပြည်နယ်တွင် သုံးရက်တာ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များကိုစုဆောင်း မည်ဖြစ်ပြီး ယခင်က သောမတ်ကင်တားနား၏ ရခိုင်ပြည်နယ်ခရီးစဉ်အတိုင်း စစ်တွေမြို့ ရွှေစေတီကျောင်း ဆရာတော်နှင့်တွေ့ဆုံခြင်း၊ အကျဉ်းသားများနှင့် တွေ့ဆုံခြင်း၊ ဒုက္ခသည်များနှင့် တွေ့ဆုံမှုတို့ပါဝင်သည်။
SMMK
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment