ရန်ကုန်၊ ဇူလိုင် ၂၂- မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန် နိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းနှင့်တယ် လီဖုန်းဝန်ဆောင်မှုများ အဆင့်မြှင့် တင်ပြီးနောက်ပိုင်းတွင် WCDMA အမျိုးအစားဆင်းမ်ကတ်များကို အဓိကချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ် ငန်းနှင့် တယ်လီဖုန်းဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင် ရွက်ပြီးနောက်ပိုင်းတွင် အမျိုးအစား စုံဆင်းမ်ကတ်များကို အရေအတွက် အကန့်အသတ်မရှိ ချထားပေးဖို့ စီစဉ်ထားကြောင်း သိရသည်။
''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကလဲ ပြိုင်ဘက်အော်ပရေတာတွေ ထက်နောက်မကျစေဘဲ ဖုန်းဝန်ဆောင် မှုတွေကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထား ပြီး ဆင်းမ်ကတ်ရောင်းချမှုမှာ 3G နဲ့ တချို့ပြည်နယ်တွေမှာသာ 2G အမျိုး အစားဆင်းမ်ကတ်တွေကို ချထားပေး မှာဖြစ်တယ်'' ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းများ အရ ပြည်တွင်းတွင် လုပ်ကိုင်ကြမည့် အော်ပရေတာလုပ်ငန်း လေးခုစလုံး သည် ၂ဝ၁၆ခုနှစ်မတိုင်မီ မိုဘိုင်းဖုန်း အလုံးရေ ၃၉ဒသမ၅သန်း၊ လူဦး ရေ၏ ၈ဝရာခိုင်နှုန်းအထိရောက် အောင် တပ်ဆင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားအော်ပရေတာ အော်ရီ ဒူး၊ တယ်လီနောစသည့်လုပ်ငန်းများ အနေဖြင့် ပြည်တွင်းခေါ်ဆိုခတစ် မိနစ် ၄၅ကျပ်ထက်မပိုသည့် ဈေးနှုန်း အပါအဝင် အခြားဝန်ဆောင်မှုများ မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ချထား ပေးမည်ဟု ကြေညာထားကြောင်း သိရသည်။
ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်လိုက် သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လစဉ်တန်ဖိုးနည်းဖုန်းများ ချထားပေးနေမှု အစီအစဉ်ကို ပြောင်း လဲသွားမည်ဖြစ်ကြောင်း၊ အရေ အတွက် အကန့်အသတ်ဖြင့်ချထား ပေးနေမှုအား အကန့်အသတ် မရှိ ချထားပေးမှုအဖြစ် နောက်ပိုင်းတွင် ဆောင်ရွက်သွားမည်ဟု သိရသည်။
PK(Myitmakha)
No comments:
Post a Comment