ကိုယ့်နိုင်ငံကမီဒီယာကဏ္ဍကို အကြံပေးချင်တယ်။ ဒီနေ့ အရေးကြီးတဲ့ သတင်းတခုကိုဖတ်လိုက်ရတယ် ။ ဦးနေဝင်းမြေးက တရုတ်ကုမ္ပဏီတခုရဲ့ ထောက်ပံ့မှုကိုရယူပြီး AGD ဘဏ်ရဲ့ ရှယ်ယာ ၆၀% ကိုဝယ်ယူထားကြောင်း ဖော်ပြပြီး ငွေဖြူ ငွေမဲ စစ်ဆေးသင့်တယ် ၊ ဗဟိုဘဏ်နဲ့ အစိုးရကတာဝန်ယူသင့်တယ် ဆိုတဲ့ ဆောင်းပါးတခုပါ။ အခုခေတ် နိုင်ငံတကာအတွေ့အကြုံအရ ကုမ္ပဏီတခုရဲ့ ကြီးကျယ်တဲ့ပြောင်းလဲမှုတခုဖြစ်တယ်။ နာမည်အဆိုးဆုံး အာဏာရှင်တယောက်ရဲ့ မြေး၊ ထောင်ထွက်တဦးက ဘဏ်ပိုင်ရှင်ဖြစ်သွားတာက ဒီဘဏ်မှာ ပိုက်ဆံအပ်ထားတဲ့ ပြည်သူလူထု စိုးရိမ်ပူပန်ပြီး နောက်တရက် နှစ်ရက်အတွင်းမှာ စုပြုံပြီးငွေပြန်ထုတ်လေ့ရှိတယ်။ ဘဏ်ရဲ့ ဒီလို တုန်ခါမှုက လူထု၊ လုပ်ငန်းရှင်၊ အချို့က နိုင်ငံတော်အထိ ရိုက်ခတ်မှု၇ှိနိုင်တယ်။ ဒီလို ဆောင်းပါးမျိုး မထွက်ခင် အယ်ဒီတာများက အရမ်းဂရုစိုက်ပြီး စစ်ဆေးရမယ် ။ ထွက်သင့် မထွက်သင့် ဆိုတာက အယ်ဒီတာရဲ့ အရေးကြီးဆုံးတာဝန်ပါ။
ဒီမိုကရေစီစနစ်အောက်မှာ မီဒီယာလွတ်လပ်ခွင့်ပေးသင့်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့သတင်း လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြသတာကိုဆိုလိုတယ်။ တခါတလေ သတင်းမှန်ပေမယ့် အကျိုးသက်ရောက်မှု ဆိုးဝါးတာမျိုးဖြစ်တက်တယ်။ ဒါပေမယ့် ရေ၇ှည်မှာ ကိုယ့်နိုင်ငံအတွက်ကောင်းလို့ ဒီလိုလွတ်လပ်ခွင့်မျိုးကို လက်ခံပါတယ်။ ခက်တာက ကျွန်တော်တို့ အချို့မီဒီယာက စပွန်ဆာ ငွေကြေးယူပြီး ရပ်တည်မှုစောင်းနေတာဖြစ်စေ ၊ လုပ်ဆောင်ရည် ညံ့ဖျင်းတာဖြစ်စေ ၊ အတွေးအခေါ် သေးသိမ်တာဖြစ်စေ ၊ အတွေ့အကြုံမရှိတာဖြစ်စေ သတင်းမှန်တယ် မှားတယ် မခွဲခြားနိုင်တဲ့ အဆင့် ဖြစ်နေတဲ့ အတွက် အကျိုးသက်ရောက်မှုအပိုင်းက အာရုံစိုက်ပြီး ချင့်ချိန်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ မှားဖို့များတဲ့ အချက်က ဘဏ်ရဲ့ ၆၀% ၇ှယ်ယာရောင်းတယ်ဆိုတာ ဗဟိုဘဏ်ကခွင့်ပြုမှာမဟုတ်ပါဘူး ။ နောက် AGD က အများပြည်သူပိုင်ဘဏ်တည်ထောင်ဖို့ လိုင်စင်ရထားတဲ့ ဘဏ်ဖြစ်တဲ့အတွက် ဒီလိုများပြားတဲ့ ရှယ်ယာပြောင်းလဲမှုကဖြစ်နိုင်ချေ မရှိသလောက်ပဲ။ နောက် သူပြောတဲ့ ၄.၉ ဘီလျံကိစ္စက (တရုတ်ငွေ ဘီလျံ ၃၀ )ဦးသိန်းစိန် အစိုးရတက်ခါစမှာ တရုတ်အစိုးရက G to G အတိုးမဲ့ချေးငွေ ကမ်းလှမ်းခဲ့တဲ့ ကိစ္စပါ။ အဓိက စိုက်ပျိုးရေးကိုရည်၇ွယ်ပြီး ကမ်းလှမ်းခဲ့တယ်။ အခုဒီဆောင်းပါးထဲမှာပြောသလို အာမခံမရှိတဲပုဂ္ဂိုလ်တယောက်အတွက် အစိုးရပိုင်ငွေကိုဒီအတိုင်းချေးပေးလိုက်တယ်ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စပါ။ G to G မဟုတ်ရင် အပေါင်ပစ္စည်းဖြစ်ဖြစ် ၊ ခိုင်မာတဲ့ အာမခံဖြစ်ဖြစ် ၇ှိမှဖြစ်မှာပါ( ၇ှိခဲ့ဘူးတဲ့ အစိုးရခေါင်းဆောင်တွေထဲမှာ တရုတ်နဲ့ အဆင်ပြေတာက ဦးနုပါ။ ဦးနေဝင်းတက်ပြီး နောက်ပိုင်း၇န်ဖက်နိုင်ငံတောင်ဖြစ်သွားတယ်။ ဦးနေဝင်းနဲ့ အဆင်ပြေတာက အမေ၇ိကန်နဲ့ အနောက်အုပ်စုပါ။ ဆောင်းပါးထဲမှာရေးတဲ့ သူ့အဖိုးရဲ့ရင်းနှီးမှုနဲ့ ချေးပေးတယ်ဆိုတာက ဟာသလိုဖြစ်နေမယ် ။ )
ဥပဒေနဲ့ပြောမယ်ဆိုရင် မနက်ဖြန်မှာ အကယ်၍ လူထုက ပိုက်ဆံသွားထုတ်ကြလို့ ဘဏ်ကတရားစွဲလိုက်ရင် ဒီမီဒီယာက ဒေဝါလီခံရမှာသေချာတယ်။ (ယူနတီဂျာနယ်ကိစ္စရော ၊ Bi မွန်းတည့် ကိစ္စရော အခြားကိစ္စကိုမဆိုလိုဘူး ၊ သူတို့ရဲ့ ထင်ရှားတဲ့မှားယွင်းချက်ကြောင့် အခုလိုဖြစ်သွားတာကို တဖတ်သတ် လိုက်ပြီးအားပေးလို့မသင့်တော်ပါဘူး ။ မီဒီယာလောကမှာ ဒီလိုသင်ခန်းစာမျိုးယူသင့်ပါတယ်။ သံရည်ကျိုစက်ရုံကို ဓာတုလက်နက်စက်ရုံလို့ရေးတယ်။ လုံးဝမရှိတဲ့ ကိစ္စကို ၇ှိသလိုလုပ်ရေးတယ်။)
နည်းစနစ်ကျကျတွေးခေါ်ပါ
No comments:
Post a Comment