Saturday, July 26, 2014

ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီးအား ယခုနှစ်အတွင်း အရဆယ်ယူမည်


ရန်ကုန်မြို့ရှိ ပုဇွန်တောင်ချောင်းအဝ မြစ်သုံးဆိုင်တွင် နစ်မြုပ်နေသောကမ္ဘာအကြီးဆုံးဟု သတ်မှတ် ထားသော ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီးအား ယခုနှစ်အတွင်း အရဆယ်ယူကာ မူလနေရာဖြစ်သော ရွှေတိဂုံဘုရားကုန်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံနိုင်ရန် ဆောင်ရွက်သွားမည်ဟု
သုဓ္ဓမ မဏိဇောတဓရ ဦးစံလင်းမှပြောကြားခဲ့သည်။

“ဒီကိစ္စကပြောရမယ်ဆိုရင် နဲနဲတော့ခက်ပါတယ် မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို မေတ္တာပို့အမျှဝေ၊ ထွက်ရပ်ပေါက်ဘိုးတော်တွေ၊ဆရာတော်တွေကို တင်ပြပြီးဆောင်ရွက်ရတာပါ။ခုခေတ်အမြင်နဲ့တော့
ကွာခြားပါလိမ့်မယ်ဒါတွေကလည်း လက်မခံလို့မရပါဘူး ကျွန်တော်တို့ဆယ်ယူချိန်တော့ မြန်ရင် ၃ရက် အခက်အခဲရှိမယ်ဆိုရင်၁၀ရက်လောက်ကြာသွားနိုင်ပါတယ် မြန်မာ့နည်း၊မြန်မာဟန်၊ဂမ္ဘီရ နည်းတွေနဲ့
ဆယ်ယူသွားမှာပါ”ဟုဦးစံလင်းကဆက်လက်ပြောကြားခဲ့သည်။ ခေါင်းလောင်းတော်ကြီးဆယ်ယူရန်အတွက် စုစုပေါင်းခန့်မှန်းကုန်ကျငွေ၁၈၆ သိန်း ၃ သောင်းကုန်ကြမည်ဖြစ်ပြီးတူးဖော်ခြင်းလုပ်ငန်းကို ၁၃၇၆ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် (၈.၈၂၀၁၄) နေ့တွင် စတင်ဆောင်ရွက်၍တော်သလင်းလဆန်း ၂ ရက် (၂၆.၈.၂၀၁၄)ရက်နေ့တွင် ကုန်းပေါ်သို့ အရောက် ဆယ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

 ဓမ္မစေတီခေါင်းလောင်းကြီးအမြန်ဆုံးတူးဖော်နိုင်ရေးအတွက်ပါဝင်ကူညီဆောင်ရွက်ပေးနေသော ရွှေအုန်းပင်
စားသောက်ဆိုင်ပိုင်ရှင်ဦးဝင်းမြင့်မှ“မြန်မာကိုကမ္ဘာကသိအောင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်၊အမျိုးဘာသာ၊
သာသနာအတွက် ကျွန်တော်တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်နေတာပါ၊ တူးဖော်နိုင်လိမ့်မယ်လို့ ထင်ပါတယ်ကုန်ကျစရိတ်စရိတ်အတွက်အခုလောလောဆယ် ၅၂ သိန်းလှူဒါန်းထားပါတယ် တစ်ကယ်လို့
လိုအပ်သေးတယ်ဆိုရင် ကျွန်တော်မှာရှိတဲ့ ကားနှစ်စီးကို ရောင်းချပြီး လှူဒါန်းသွားမှာပါ” ဟုပြောကြား ခဲ့သည်။၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်ဒိုသည် ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အမြှောက်သွန်း လုပ်ရန်ရွှေတိဂုံကုန်းတော်ပေါ်မှ သန်လျင်သို့ သယ်ဆောင်လာစဉ်မြစ်သုံးဆိုင် တွင် ဖောင်ပျက်၍ နစ်မြုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါခေါင်းလောင်းတော်ကြီးကို အေဒီ ၁၅ရာစု၌မွန်တို့၏မဂဒူးမင်းဆက်တွင်၁၆ဆက်မြောက်ဖြစ်သော
ဓမ္မစေတီမင်းက ကြေးသွန်း၍ ရွှေတိဂုံဘုရားတွင် လှူဒါန်းခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
mmage

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ