Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Tuesday, July 15, 2014
အိမ်အကူကို အဓမ္မပြုကျင့်သည်ဟုဆိုကာ နိုင်/ကျဉ်းဥက္ကဌကို ရာထူးမှ ရာသက်ပန်ထုတ်ပယ်
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဥက္ကဌမှ အိမ်အကူအမျိုးသမီးအား အဓမ္မကျင့်သည်ဟုဆိုကာ အဖွဲ့အစည်းဂုဏ်သိက္ခကျဆင်းစေသောကြောင့် ဥက္ကဌရာထူးမှ ရာသက်ပန်ထုတ်ပယ် လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ဥက္ကဌမှာ ကျောက်တံတားမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အိမ်အကူအမျိုးသမီးအား ၂၀၁၄ ခုနှစ် မေလအတွင်းက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ သိရှိရသည်။
အလားတူ လွန်ခဲ့သောခြောက်နှစ်ခန့်က ဥက္ကဌ ဦးမောင်မောင်သန်းသည် ကျောက်တံတားနယ်မြေမှာ အလို မတူဘဲ ကာမလိမ်လည်ရယူမှုဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး ငွေကြေးချမ်းသာမှုနှင့် အိမ်အကူအမျိုးသမီးအား မဟုတ်ကြောင်း ထွက်ဆိုခိုင်းကာ လွတ်မြောက်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ အတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြောသည်။
"ကျွန်တော်တို့က ဒီအမှုမှာပါဝင်ပတ်သက်တဲ့ အရာရှိငယ်အချို့ကို ဒါကိုနိုင်ငံတော်ကိုတင်ပြထားပါတယ်၊ အမှုမှန်ပေါ်ပေါက်ပြီး လွတ်လပ်တရားမျှတတဲ့ စုံစမ်းမှုဖြစ်ဖို့ နောက်ပြီး ဇူလိုင်လ (၁၀)ရက်နေ့က ဦးမောင်မောင်သန်းကို တရားရုံးရှေ့မှောက်ရောက်ဖို့ နိုင်ငံတော် သမ္မတ၊ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထဲရေး ၀န်ကြီးကို တင်ပြတောင်းဆိုလိုက်ပါပြီ။"ဟုဦးရဲထွဋ်ကပြောသည်။
ထို့အပြင် ဇူလိုင်လ ၁၄ ရက်၂/၂၀၁၄ဖြင့် အချက်ငါးချက်ကိုတောင်းဆိုလိုက်ပြီး အဆိုပါအချက်များမှာ ပြစ်မှုကျူးလွန်သည့် ဦးမောင်မောင်သန်းအားထိရောက်စွာအရေးယူရန်၊ ဦးမောင်မောင်သန်း ကိုင်ဆောင်သည့် တခြားသူ၏မှတ်ပုံတင်ဖြစ်သည့်အတွက် စစ်ဆေးပေးရန်၊ အမှုမှန်မပေါ်မခြင်းနိုင်ငံခြားသွားလာခွင့်ပိတ်ပင် ပေးရန်၊ ဦးမောင်မောင်သန်းကို ဖမ်းဆီးပေးရန်၊စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပေးဖို့ကို အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌တောင်းဆိုခဲ့ကြောင်းကိုလည်းသိရသည်။
“ ဦးမောင်မောင်သန်းကို အမှုဖွင့်ထားတာ ဟုတ်ပါတယ်၊ ဘယ်ပုဒ်မနဲ့အမှုဖွင့်ထားတယ် ဆိုတာကို ပြောပိုင်ခွင့် မရှိပါဘူး။" ဟုဗိုလ်တထောင်မြို့မရဲစခန်းမှတာဝန်ကျ ဒုရဲအုပ် သီဟစိုးက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသမားဟောင်းများ အဖွဲ့အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေး ဆောင်ရွက်နေသူများ၊အလုပ်သမားအရေး၊ လယ်သမားအရေးဆောင်ရွက်နေသူများကို ဦးမောင်မောင်သန်း ၏ကိုယ်ပိုင်ငွေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိသည်။
ဦးမောင်မောင်သန်းကို ဥက္ကဌရာထူးမှ ဖယ်ရှားလိုက်ပြီး ထောက်ပံ့မှုများကို ဗဟိုအလုပ်အမှုဆောင်(၅)ဦး၏ ကိုယ်ပိုင်ဝင်ငွေဖြင့် ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးမောင်မောင်သန်းထံသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရခဲ့ပေ။
SMMK
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment