Thursday, July 24, 2014

ကျင့်ဝတ်နားမလည်သော မီဒီယာများသို့ ဦးထွန်းလွင် နောက်ဆုံးအကြိမ် သတိပေး...

 
( ယခု ဂျာနယ်ကတော့ ဖွဘုတ်ပေါ်မှာ အ ban ဆုံး Eleven ဖြစ်ပါတယ်ခင်ဗျာ )

 မိတ်ဆွေ မီဒီယာသမားများသို့

ကျွန်တော့ရဲ့ website, facebook တို့မှာဖေါ်ပြထားတဲ့ Post တွေဟာ ကျွန်တော်ကိုယ်တိုင်(ကိုယ်တိုင်)အချိန်ကုန် လူပန်းခံပြီး ဖန်တီးထားတဲ့ ကိုယ်ပိုင် Post တွေဖြစ်ပါတယ်။ ကျွန်တော် သူတစ်ပါးဟာကို ကိုးကားရင်လည်း Reference, Source တို့ကိုအမြဲဖေါ်ပြပေးပါတယ်။
ကျွန်တော့ တင်ပြချက်တွေဟာ Public လုပ်ထားတဲ့အတွက် မည်သူမဆိုကြည့်နိုင်၊ ဖတ်နိုင်၊ မှတ်နိုင်ပါတယ်။ ပရဟိတ ဒါန လို့ သဘောထားပါတယ်။ အဲ အကိုးအကားအဖြစ် သုံးမယ်၊ဖေါ်ပြမယ်၊ ပုံနှိပ်မယ်ဆိုရင်တော့ ဒေါက်တာထွန်းလွင် (MCCW) ဆိုပြီးဖေါ်ပြပေး ဖို့လည်း မေတ္တာရပ်ခံထားခဲ့တာ အားလုံး အသိဖြစ်ပါတယ်။

မနေ့ကထွက်တဲ့ နာမည်ကြီး အရွယ်ကြီးကြီးနဲ့ အလွန်လက်သံပြောင်ပေတယ်လို့ နာမည်ကြီးလှတဲ့ ဂျာနယ်ကြီးတစ်စောင်က ကျွန်တော့ facebook ကျွန်တော်ကိုယ်တိုင် (ကိုယ်တိုင်)ဖန်တီးထားတဲ့ Post တစ်ခုကို ခပ်တည်တည်နဲ့ မျက်နှာဖုံးတင်ပြီး သုံးထားပေမယ့် စောစောက ကျွန်တော်မေတ္တ္တာရပ်ခံထားသလို Source Reference တစ်ခုမှ မပါဘဲ ခပ်တည်တည်ကြီးသုံးထားတာကတော့ ဂျာနယ်ကြီးတစ်စောင်ဖြစ်ပါလျက်နဲ့ ကျင့်ဝတ်ကို နားမလည်တာလား၊ သူတစ်ပါးကိုတော့ ဝေဖန်တတ်သလောက် ကိုယ့်ကိုယ်ကိုတော့ မဝေဖန်တတ်ဘူးလား ဆိုတာကိုတွေးမိတော့ .....

ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။

မောင်ထွန်းလွင်(မိုးလေ၀သ)
From: မောင်ထွန်းလွင်(မိုးလေ၀သ)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ